Chapter 33.2

3.9K 680 24
                                    

(Unicode)

သူ့မိဘတွေကို တွေးမိပြီး ပိုင်မုရဲ့နှာခေါင်းက နည်းနည်းချဉ်စူးစူးဖြစ်လာတယ်လို့ ခံစားရတယ်။ သူ့မိဘတွေအတွက် စိတ်မကောင်းဖြစ်မိတယ်။ အဲဒီတုန်းက သူ့မိဘတွေအကြောင်းကို သူဘာလို့ အများကြီး မတွေးခဲ့မိတာလဲ။  အခု သူပြန်ပြင်ဆင်ချင်ပေမယ့် အရမ်းနောက်ကျသွားပြီ။

ပိုင်မု ရုတ်တရက်ရပ်သွားတာကိုမြင်လိုက်ရတော့ သူတစ်ခုခုဖြစ်နေတာလားဆိုပြီး ခဲယ်လ်တစ် လန့်သွားကာ သူ့ပခုံးပေါ်လက်တင်ကာ ပုတ်လိုက်တယ်။ 

"မင်းဘာဖြစ်လို့လဲ ပိုင်မု"

"ကျွန်တော်အဆင်ပြေပါတယ်" ပိုင်မုက အသိပြန်၀င်သွားတယ်။  သူက ခဲယ်လ်တစ်ကို ထိုင်ခိုင်းလိုက်ပြီး သူ့နောက်ကျောလွယ်ခြင်းတောင်းထဲက ခရမ်းချဉ်သီးအနည်းငယ်ကို ယူခိုင်းလိုက်ကာ အန်ဒီကို ပေးလိုက်တယ်။

"ကျေးဇူးပါ ဒါပေမယ့် ဒါကို ဘယ်လိုစားလဲ" အန်ဒီက အရသာရှိပုံပေါ်တဲ့ အနီရောင်ခရမ်းချဉ်သီးအနည်းငယ်ကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်တယ်။

"ဒါကို တိုက်ရိုက်ရေဆေးပြီးနောက် အခွံနွှာပြီး စားနိုင်သလို ငှက်ဥမွှေကြော် ဒါမှမဟုတ် စွပ်ပြုတ်မှာ ထည့်သုံးလို့ ရတယ်"

"ကောင်းပြီ ကျေးဇူးတင်ပါတယ်"

" ကျေးဇူးတင်စရာမလိုပါဘူး ကြီးမြတ်တဲ့စုန်းမဆီကို သွားတာကို ငါတို့ မနှောင့်နှေးစေတော့ဘူးနော် မင်းတို့ မြန်မြန်သွားလိုက်ပါ"

" ဒါဆို ငါတို့သွားလိုက်ဦးမယ်" အားမိုက သူတို့နှစ်ယောက်ကို နှုတ်ဆက်ပြီး အန်ဒီနဲ့ ထွက်သွားခဲ့တယ်။

နှစ်ယောက်သားက အိမ်ပြန်သွားပြီး ယူလာသမျှ ပစ္စည်းတွေကို ချကာ MSG အပင်ရဲ့ ပျိုးပင်တွေကို ကွင်းထဲ သယ်သွားကြတယ်။  သူတို့နှစ်ယောက် စိုက်တဲ့ လယ်ကွင်းက စိတ်ဝင်စားစရာတော့ သိပ်မရှိပါဘူး။  Orcs တွေနဲ့ မိန်းမပျိုတွေက ဒီနေရာကို မကြာခဏ လာကြည့်တတ်ကြတယ်။  အာလူးတွေ ရင့်မှည့်လာဖို့ အားလုံး စောင့်မျှော်နေကြတယ်။ ဒါဆို လူတိုင်းက အာလူးစိုက်လို့ ရပြီ‌လေ။ အာလူးက အရသာရှိပြီး ဗိုက်ပြည့်စေတယ်လို့ သူတို့ကြားထားတယ်။ 

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now