Chapter 88

2.4K 322 2
                                    

Unicode

Chapter 88.1

ကေစီနဲ့ဘန်ဆွန်တို့ကြားက တုံ့ပြန်မှုကို လူတိုင်းကကြည့်ပြီး ရယ်မောကြလေတယ်။ အခုချိန်မှာတော့ ကောင်းမွန်တဲ့တစ်စုံတစ်ခုက လာနေတယ်ဆိုတာ လူတိုင်းသိတယ်ဆိုပေမယ့် သူတို့ဘာသာသူတို့တော့ ထုတ်မပြောလိုကြပါဘူး။

"ဆိုင်ရယ်နဲ့ နိရှီဇ၀ကရော ဘယ်လိုလဲ လူတိုင်းမှာ လက်တွဲဖော်နဲ့ ချစ်သူရှိလာပေမယ့် မင်းတို့နှစ်ယောက်က တစ်ကိုယ်တည်းသမားတွေဖြစ်နေတုန်းပဲ" အယ်လ်ဗင်က သူတို့ကိုကြည့်ရင်းနဲ့ သူ့သူငယ်ချင်းတွေအတွက် အနည်းငယ် စိတ်ပူသွားတယ်။

"ဟမ့် ငါက လက်တွဲဖော်ရှာဖို့အတွက် စိတ်ပူစရာလိုအပ်လို့လား၊ ငါ့ကို ‌ဆွဲဆောင်နိုင်မယ့်သူနဲ့ အခုထိ မဆုံရသေးရုံပါနော်" ဆိုင်ရယ်က သူ့ကိုယ်သူအထင်ကြီးနေတဲ့ မျက်နှာထားနဲ့ ပြောလိုက်ပြီး သူ့ကိုယ်သူ အရမ်းယုံကြည်မှုရှိနေတယ်။

"ငါက အလျင်မလိုနေတာ" သူ့သားရဲဖခင်က သူ့ကို ခဲယ်လ်တစ်နဲ့လက်ထပ်ပေးဖို့ ရည်ရွယ်ထားတယ်ဆိုတာ နိရှီဇ၀သိတယ်။ သူကလည်း ဒါနဲ့ပတ်သက်ပြီး မှားယွင်းနေတာမရှိဘူးလို့ ထင်ခဲ့တာ။ အဆုံးမှာတော့ သူနဲ့ခဲယ်လ်တစ်က အတူတကွကြီးပြင်းလာတာဖြစ်ပြီး ခဲယ်လ်တစ်ကလည်း အခြားသူတွေကို ပြုစုစောင့်ရှောက်ရာမှာ အရမ်းကောင်းမွန်တယ်လေ။ နောက်ပိုင်းမှာ ခဲယ်လ်တစ်က စမ်းသပ်မှုအတွက် အပြင်ထွက်သွားခဲ့ပြီး ပိုင်မုကို ကောက်ယူလာကာ သဘောကျသွားခဲ့တယ်။ ခဲယ်လ်တစ်နဲ့ ပိုင်မုက လိုက်ဖက်ညီတယ်လို့ သူခံစားရပြီး စိတ်မကောင်းမဖြစ်ခဲ့ဘူး။ နောက်ထပ်တစ်စုံတစ်ယောက်ကို သူထပ်ရှာရတော့မယ်လို့ တွေးမိခဲ့ရုံလေးပါပဲ။

ဒါပေမယ့် အခုအချိန်မှာတော့ သူ သဘောကျတဲ့လူမရှိသလို ဘယ်သူ့ကိုမှလည်း အထင်မကြီးနေပါဘူး။ ဒါပါပဲ၊ သူက အခုမှ ကြီးပြင်းလာကာစလေးဆိုတော့ စိတ်ပူစရာမလိုဘူး၊ တစ်နေ့နေ့မှာ သူ အရမ်းသဘောကျတဲ့သူနဲ့ တွေ့ဆုံလာနိုင်တာလဲ ဖြစ်နိုင်တယ်လေ။

"ဟူး~~ ဘာ​တွေ​ပြော​နေကြတာလဲ" အန်ဒီက နှင်းလုံးငယ်လေးတစ်လုံးလိုဖြစ်နေတဲ့ ကားလ်တစ်ကို ပွေ့ဖက်ပြီး လျှောက်လာတယ်။ အားမိုက သူ့နောက်ကနေလိုက်လာပြီး အားမိုရဲ့မျက်နှာပေါ်မှာရှိတဲ့ ဒဏ်ရာကတော့ အတော်သက်သာသွားပြီ။ အရင်ကရခဲ့တဲ့ ဒဏ်ရာက အခုဆို ပိုချောမွေ့သွားသလို အရင်ကလိုလည်း ကြောက်စရာမကောင်းတော့ဘူး။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now