Chapter 51.2

2.6K 434 3
                                    

Unicode

ပြင်ဆင်ပြီးသွားတဲ့အခါ ပိုင်မုက ခေါက်ဆွဲလှိမ့်ဖို့တာဝန်ရှိပြီး အခြားသူတွေက ဖက်ထုပ်လုပ်ဖို့ တာဝန်ရှိတယ်။ပိုင်မုက သူတို့ကို ဖက်ထုပ်ဘယ်လိုလုပ်ရမလဲဆိုတာကို အရင်သင်ပေးပြီးနောက် ခေါက်ဆွဲလှိမ့်တဲ့ပေါ်မှာပဲ  အာရုံစိုက်လိုက်တယ်။ လူအနည်းငယ်ထဲမှာ အကောင်းဆုံးသင်ယူခဲ့တဲ့သူကတော့ အန်းချီလော့ဖြစ်ပြီး သူ့ရဲ့ ဖက်ထုပ်တွေက အရွယ်အစားအတူတူပါပဲ။ ဆိုးဆိုးရွားရွားလုပ်ထားတဲ့သူက တခြားလေးယောက်လုပ်တာနဲ့တစက်မှတူမနေတဲ့ တပေါဖြစ်တယ်။ ထုပ်ပိုးထားတဲ့ ဖက်ထုပ်တွေကို ဂေါ်ထဲထည့်ထားပြီး သူတို့အားလုံးကို ထုပ်ပိုးပြီးနောက် ဒယ်အိုးထဲချက်ပြုတ်မှာဖြစ်တယ်။

လူအရေအတွက်အားကောင်းတာကြောင့် မကြာခင်မှာ ဖက်ထုပ်တွေ အသင့်ဖြစ်နေပါပြီ။ ပိုင်မုက ရေနွေးတစ်အိုးတည်လိုက်ပြီး ဖက်ထုပ်တွေကို အိုးထဲထည့်လိုက်တယ်။အိုးထဲက ဖက်ထုပ်တွေကျက်သွားတဲ့အခါ ပိုင်မုက ကြီးမားတဲ့ပန်းကန်လုံးတစ်လုံးထဲ ဖက်ထုပ်တွေ ဖြည့်လိုက်တယ်။ ဇွန်းတစ်ချောင်းနဲ့ အရိုးစွပ်ပြုတ်တချို့ကိုလည်း ခပ်လိုက်ပြီး ဂျင်း၊ ကြက်သွန်ဖြူနဲ့ ဆီတွေကိုလည်း သူ့ရဲ့ကိုယ်ပိုင်အရသာထဲ ပေါင်းထည့်လိုက်တယ်။ ငရုတ်သီး၊နုတ်နုတ်စဥ်းထားတဲ့ ကြက်သွန်စိမ်းနဲ့ တရုတ်နံနံ စတာတွေလည်း ထည့်သေးတယ်။

အဆုံးမှာတော့ လူတိုင်းက သူတို့ကိုယ်တိုင်လုပ်ထားတဲ့ အရသာရှိတဲ့ ဖက်ထုပ်တစ်ပန်းကန် ရရှိခဲ့တယ်။ orcsတွေက အသားစားရတာကို နှစ်သက်တာကြောင့် ဖက်ထုပ်တစ်ခုစီမှာ အဆာသွပ်အများအပြားနဲ့ပြည့်နေပြီး လူတိုင်းက မြိန်ရေရှက်ရေစားခဲ့ကြတယ်။ အချိန်အတော်ကြာအောင် သတိရနေတဲ့ ဖက်ထုပ်တွေကို စားရတာက  ရှားပါးပြီး ပိုင်မုလည်း အများကြီးစားခဲ့တယ်။ ဖက်ထုပ်တွေ အများကြီးရှိတာကြောင့် တရုတ်အစားအစာဖြစ်တဲ့ ဖက်ထုပ်တွေက ဒီနေ့အတွက် သူတို့ရဲ့မနက်စာပါ။

အခြားလူတွေက အစားအစာ အလုံအလောက်ရှိပေမယ့်လည်း သူတို့က သူတို့(ခဲယ်လ်တစ်တို့အိမ်)လို မနေနိုင်ကြဘူး။ ဒါပေမယ့် လူတိုင်းက အရမ်းစိတ်ကျေနပ်ကြတယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now