Chapter 39.2

3.2K 554 5
                                    

Unicode

"ဂုဏ်ယူပါတယ်" ဇက်ခ်ရိက မျက်နှာမပြောင်းသွားဘူး။သူက ဆိုင်ရယ်လှုံ့ဆော်တာခံခဲ့ရပြီး ပိုင်မုက ကောင်းတယ်လို့ ထင်ခဲ့တယ်။ နောက်ပိုင်းကျတော့ ပိုင်မုနဲ့ ခဲယ်လ်တစ်ကြားမှာ တခြားသူတွေ မဝင်နိုင်တဲ့ မရေရာမပြတ်သားမှုတွေကို  သူတွေ့လိုက်ရတဲ့အခါ၊ သူက သူ့မှာ အခွင့်အရေးမရှိဘူးဆိုတာ သိခဲ့တယ်။

ဒီအချက်ကို သူ လျင်မြန်စွာ လက်ခံလိုက်ပေမယ့်လည်း ဆိုင်ရယ်က  အရမ်းဇွဲကောင်းလွန်းတယ်။ ပိုင်မုက သူ့အတွက် အရမ်းကောင်းတယ်လို့ မကြာခဏပြောလေ့ရှိတယ်။ ထူးချွန်တဲ့မိန်းမပျို ပိုင်မုတစ်ယောက်ထဲမဟုတ်ပဲ အယ်လ်ဗင်ကလည်း ကောင်းမွန်တယ်လို့ သူထင်တယ်။

ခဲယ်လ်တစ်က ဇက်ခ်ရိရဲ့ လက်ခံမှုကို အရမ်းကျေနပ်ခဲ့ပြီး မလိုအပ်တဲ့ အရှုပ်အထွေးတွေကို မလုပ်ခဲ့ဘူး။ဇက်ခ်ရိက တကယ်ကောင်းတဲ့ orc လို့ သူထင်ပါတယ်။

သူတို့သုံးယောက်သားက ဝက်ပေါင်ခြောက်ကို ချိတ်ဆွဲပြီးနောက်ငါးနဲ့ အသားကင်ဖို့ ကူညီပေးခဲ့ကြတယ်။ ပထမဆုံးအကြိမ်အဖြစ် ငါးစားဖို့လုပ်ခဲ့တဲ့ ဆိုင်ရယ်နဲ့ဇက်ခ်ရိတို့ကလည်း  အန်းချီလော့လိုပဲ အလားတူမေးခွန်းတွေကိုမေးခဲ့တယ်။

ကြက်စွပ်ပြုတ်ချက်ပြီးတဲ့အခါ ပိုင်မုက ပန်းကန်လုံးတစ်လုံးထဲ ဖြည့်လိုက်ပြီး လှီးထားတဲ့ ကြက်သွန်နီစိမ်းတချို့ကို ဖြူးလိုက်ကာ ခဲယ်လ်တစ်ကို ကြီးမြတ်တဲ့စုန်းမဆီ ပို့ပေးဖို့ တောင်းဆိုလိုက်တယ်။ သူပြန်လာပြီးနောက်၊ မျက်စိစားပွဲထိုင်နေတဲ့သူအားလုံးက စတင်စားသောက်ကြပြီး ခြင်္သေ့လေးက စားသောက်ဖို့ စိတ်မရှည်ဖြစ်နေပါပြီ ။ ညစာအတွက်၊ စမ်းသပ်ထားတဲ့မှိုတွေနဲ့ shiitakeမှို ၊ငါးကင်၊ အသားကင်နဲ့ ကြက်စွပ်ပြုတ်တို့ကို ရရှိနိုင်ပါတယ်။ အကင်နှစ်မျိုးကလည်း ချိုမြိန်ပြီး အရသာရှိလို့ လူကို သွားရည်ကျအောင် လုပ်နေတယ်။

ဆိုင်ရယ်က လက်တစ်ဖက်မှာ ကြက်သွန်မြိတ်ဖြူးထားတဲ့ ကြက်စွပ်ပြုတ်ပန်းကန်လုံးကို ကိုင်ထားပြီး ကျန်တစ်ဖက်မှာ မှိုကင်တစ်စုကြီးကို ကိုင်ထားတယ်။ ကျေနပ်နေတဲ့ မျက်နှာနဲ့ သူက ပြောလိုက်တယ်။ “အစ်ကိုကြီးပိုင်မု၊ ဒါက တကယ်ပဲ အရသာရှိတယ်”

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now