Chapter 30.1

4K 866 19
                                    

(Unicode)

ပိုင်မု စားစရာတွေ အများကြီးပြန်ယူလာတာကိုတွေ့တော့ အန်းချီလော့က အရမ်းပျော်သွားတယ်။  ပိုင်မု အပြင်ထွက်သွားတိုင်း အရသာရှိတဲ့ အစားအစာတွေကို သူ ပြန်ယူလာနိုင်တယ်။  အရင်က တောထဲမှာ ဒီလောက်အရသာရှိတဲ့ အစားအစာတွေကို သူဘယ်လိုမှ ရှာမတွေ့ခဲ့ဘူးလေ။

အခုတော့ အန်းချီလော့ရဲ့ ဟင်းချက်လက်ရာက ပိုင်မုလက်အောက်မှာ ပို,ပိုကောင်းလာပြီး အိမ်က ချက်ပြုတ်ရေး လုပ်ငန်းအားလုံးကို သူ့ကို အပ်ထားကြတယ်။ လိန်းကျယ်က အဆင်အပြေဆုံးပါပဲ။ သူ(လိန်းကျယ်)က သူတို့(ညီအစ်ကိုသုံးယောက်)အိမ်မှာဆိုရင် သူတို့အိမ်ရဲ့ မိသားစုဝင်ဖြစ်နေပြီလို့ အခြေခံအားဖြင့် ယူဆလို့ရပါတယ်။

မိသားစုတစ်ခုလုံး အတူတူရှိနေတဲ့လေထုက အရမ်းနွေးထွေးတယ်။ လူတိုင်းက စကားပြောပြီး ရယ်မောကြတယ် ၊ ပျင်းစရာကောင်းတဲ့အကြောင်းတွေ ပြောကြရင်တောင် သူတို့အရမ်းပျော်ကြလိမ့်မယ်။ ပိုင်မုက ဒီလိုနွေးထွေးတဲ့လေထုကို အရမ်းသဘောကျတယ်။  ဒီလိုလေထုမျိုးမှာ သူ မပျော်ရတာ ဘယ်လောက်ကြာပြီလဲ။  အိမ်ကနေ နှင်ထုတ်ခံရပြီးနောက်မှာ  စလာခဲ့တာများလား။ အခု ဒီအရာတွေကို ပြန်တွေးကြည့်တော့ အရင်ဘဝက ဖြစ်ပျက်ခဲ့သလိုမျိုး အရမ်းဝေးကွာနေသလို သူ ခံစားရတယ်။

ပိုင်မုရဲ့အမူအရာကို အကြည့်တစ်ချက်နဲ့တင်  မြင်လိုက်ရတဲ့ ခဲယ်လ်တစ်က ပိုင်မုရဲ့လက်ကို စိုးရိမ်ပူပန်မှုအချို့နဲ့ ဆုပ်ကိုင်ဖို့ သူ့လက်ကို ဆန့်ထုတ်လိုက်တယ်။ ပိုင်မုက သူ့အာရုံတွေ ပြန်ရသွားပြီး သူ့(ခဲယ်လ်တစ်)ကို အပြုံးတစ်ပွင့်နဲ့ ကြည့်လိုက်တယ်။  သူ့ဘေးနားမှာ စောင့်ရှောက်ပေးနေတဲ့ဒီလူက တကယ်ကို နူးညံ့ငြင်သာတာပဲ။

ညနေခင်းမှာ ပိုင်မုနဲ့ခဲယ်လ်တစ်တို့က နေရာလွတ်ထဲကို ဝင်သွားတယ်။ ဘာကြောင့်လဲဆိုတော့ ခဲယ်လ်တစ်က နောက်တစ်နေ့မနက်စောစောမှာ အမဲလိုက်ရမယ်လေ။ပြီးတော့ သူတို့က နေရာလွတ်ထဲမှာ ခနလေးပဲ နေခဲ့ကြတယ်။

ခဲယ်လ်တစ် အမဲလိုက်သွားပြီးနောက် အန်းချီလော့နဲ့ ပိုင်မုတို့က အိမ်မှာနေခဲ့ကြပြီး ချွန်မြတဲ့ သားရဲသွား၊ အရိုးအပ်နဲ့ ချည်မျှင်စိမ်းလိုမျိုး အိမ်က သေးငယ်တဲ့အရာတွေကို ထည့်ဖို့အတွက် နောက်ကျောလွယ်ခြင်းတောင်းရက်ဖို့ အပြာရောင်သစ်သားပြားလေးတွေကို အသုံးပြုခဲ့ကြတယ်။  အခု သူတို့နှစ်ယောက်ရဲ့ လက်မှုပညာတွေက ပို,ပိုကောင်းလာပြီး သူတို့ဖန်တီးထားတဲ့ အရာတွေက ရုပ်ဆိုးသွားမှာ မဟုတ်ဘူး။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now