Chapter 82

2.3K 338 1
                                    

Unicode

Chapter 82.1

မျိုးနွယ်စုခေါင်းဆောင် Erနဲ့ မျိုးနွယ်စု‌ခေါင်းဆောင်ပုကျီတို့က ကြီးမားတဲ့ဒူးလေးတွေ ပြုလုပ်ဖို့အတွက် လူတွေစီစဉ်လိုက်ဖို့ မျိုးနွယ်စုတစ်ခုလုံးကို အမိန့်ပေးခဲ့တယ်။ အခု သံထည်ပစ္စည်းတွေ ပြုလုပ်ထားတာကြောင့် အရာအားလုံး ပိုအဆင်ပြေလာပြီး အလုပ်လည်း လျင်မြန်စွာ တိုးတက်တယ်။ ချောက်ထဲက နေရာတိုင်းမှာ ကြီးမားတဲ့ဒူးလေးတွေ တပ်ဆင်ထားပြီး ချောက်အထက် ကောင်းကင်ကို အခြေခံအားဖြင့် ဖုံးအုပ်ထားနိုင်တယ်။ဒူးလေးရဲ့ မြှားမှာ ဆူးပါရှိပြီး မြှားရဲ့အဆုံးမှာတော့ ချိတ်ဆက်ထားတဲ့ ကြိုးတစ်ခုပါရှိကာ အဲ့ဒါကို ပြန်နုတ်နိုင်ပါတယ်။

အဲ့ဒီအချိန် မနီးမဝေးက အခြားမျိုးနွယ်စုတွေလည်း ပြင်ဆင်နေတယ်။သူတို့မှာ ခြင်္သေ့တောင်ပံမျိုးနွယ်စုနဲ့ ကျားတောင်ပံမျိုးနွယ်စုလိုမျိုး အခြေအနေကောင်းတွေမရှိပဲ ခြင်္သေ့တောင်ပံမျိုးနွယ်စုမှ ချန်ရစ်ခဲ့တဲ့ ခိုလှုံရာဂူလိုမျိုးကိုသာ တည်ဆောက်နိုင်တယ်။ ဒီတစ်ခေါက် မျိုးနွယ်စုဖလှယ်ရေးကနေရရှိခဲ့တဲ့ အကြီးမားဆုံးအကျိုးအမြတ်ကတော့ မျိုးနွယ်စုထဲက မတိုက်ခိုက်နိုင်တဲ့သူတွေကို ဘယ်လို ကာကွယ်ရမယ်ဆိုတာ သူတို့သိထားတာပဲ ဖြစ်ပါတယ်။

ဒါပေါ့ ၊ သူတို့မျိုးနွယ်စုမှာ လူတွေအများကြီးရှိတာကြောင့် ဂူတစ်ခုမှာ လူများများနေလို့မရဘူး။ ဒါကြောင့် ခြင်္သေ့တောင်ပံမျိုးနွယ်စုလိုမျိုး ဂူကြီးကြီးကို ရွေးဖို့မလိုအပ်ပါဘူး။

ယင်းအစား မျိုးနွယ်စု၀င်တွေ ယာယီလွတ်မြောက်နိုင်လောက်မယ့် ခိုလှုံရာဂူတစ်ခုကိုပဲ လမ်းမရှိတဲ့ တောင်ထိပ်အနီးမှာ တိုက်ရိုက်တည်ဆောက်ထားလိုက်ကြတယ်။

ဆောင်းရာသီရဲ့ ကာကွယ်ရေးနဲ့ပတ်သက်တဲ့အလုပ်တွေက အရှိန်အဟုန်နဲ့ လည်ပတ်နေပြီး ပိုင်မုနဲ့ခဲယ်လ်တစ်တို့မှာလည်း ချိုမြိန်တဲ့အချိန်လေးတွေ ရှိနေဆဲပင်။ ခဲယ်လ်တစ်က မကြာခင်မှာ ကလေးရဖို့ဆိုတဲ့ သူ့ရဲ့စွဲလမ်းမှုကို လက်မလျှော့ခဲ့ဘူး။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now