Chapter 90

4K 396 6
                                    

Unicode

Chapter 90.1

ပိုင်မုရဲ့ လုပ်ရှားမှုတွေက ပို,ပိုပြီး အဆင်မပြေဖြစ်လာပြီး ခဲယ်လ်တစ်က ပိုသတိရှိလာတယ်။ တပေါက အရမ်းစဥ်းစားပေးတတ်ပြီး အိမ်ကိုလည်း နေ့တိုင်း သန့်ရှင်းရေးလုပ်ကာ တိရစ္ဆာန်တွေကိုလည်း အစာကျွေးပေးတယ်။ ဘယ်လိုချက်ပြုတ်ရမလဲဆိုတာကိုတော့ သူမသိသလို ဒါမှမဟုတ် ချက်ပြုတ်တာကို ဂရုမစိုက်တာလည်း ဖြစ်နိုင်တယ်။ သူက ခဲယ်လ်တစ်ရဲ့အဝတ်တွေကို ကူလျှော်ပေးဖို့လည်း တွေးခဲ့သေးတယ်။ ခဲယ်လ်တစ်က သူ့ကိုငြင်းလိုက်ပေမယ့် ခဏကြာတော့ တွေးမိသွားတယ်။ အခု ရာသီဥတုပူလာတာကြောင့် သူဝတ်ထားတဲ့အဝတ်က ပါးလျလာပြီး တပေါက အဝတ်လျှော်ဖို့ကို သင်ယူနေပြီဖြစ်တာကြောင့် သူ့အဝတ်တွေကို စတင်လျှော်ခိုင်းလိုက်တော့တယ်။

တပေါက အကျင့်စာရိတ္တကောင်းမွန်ပြီး နာခံမှုရှိကာ ဒါက သူ့ရဲ့ယခင်က ဆိုးသွမ်းတဲ့ပုံရိပ်နဲ့ များစွာကွာခြားပါတယ်။ ပိုင်မုက သူ့ရဲ့စဉ်းစားပေးတတ်တာလေးကို အရမ်းသဘောကျပြီး ခြင်္သေ့လေးတပေါကို ပိုပြီးတော့ ချစ်လာတယ်။ နောင်အနာဂတ်မှာ သူ့ကလေးတွေက သူ့(တပေါ)လိုပဲ ရူးလောက်အောင် ဆော့ကစားရင်း ပျော်ပျော်ရွှင်ရွှင်နေနိုင်မှာပေမယ့် မိဘတွေ အလုပ်ရှုပ်တဲ့အခါကျရင်တော့ မိသားစုအတွက် ဝန်ထုပ်ဝန်ပိုးတွေကိုမျှဝေခံယူတတ်ဖို့ သူတို့အစွမ်းကုန်ကြိုးစားကြမယ်လို့ သူမျှော်လင့်တယ်။

အစပိုင်းမှာ အယ်လီက အေဘယ်နဲ့အတူ သူ့ကိုတွေ့ဖို့ မကြာခဏလာခဲ့ပေမယ့်လည်း အခုတော့ အယ်လီက မွေးခါနီးပြီမို့ သူ့ဆီမလာကြ‌တော့ပါဘူး။ အန်ဒီက ပိုင်မုနဲ့စကားပြောဖို့ ကားလ်တစ်နဲ့အားမိုကို မကြာခဏ ခေါ်ဆောင်လာလေ့ရှိတယ်။ ပိုင်မုရဲ့ဗိုက်က ပိုကြီးလာတဲ့အခါ အန်ဒီက ကားလ်တစ်နဲ့အားမိုကို သူနဲ့အတူ မခေါ်လာခဲ့တော့ဘူး။တကယ်တော့ ကားလ်တစ်က သူတို့ရဲ့အိမ်ထဲမှာဆို အရမ်းဆူညံလွန်းပြီး ပိုင်မုကို ထိခိုက်စေမိရင် မကောင်းဘူးလေ။( အယ်လီမှာ ဗိုက်ရှိလား တို့မမှတ်မိတော့ဘူးရယ်ಥ⁠‿⁠ಥ)

အားမိုက အမဲလိုက်ထွက်တဲ့အခါတိုင်း သားကောင်ပိုများများရှာပြီး ခဲယ်လ်တစ်ကို တစ်ချို့တ၀က် ဝေမျှပေးကာ တစ်ခါတစ်ရံမှာတော့ အသီးအနှံတွေ ခူးဆွတ်ပေးလာလေ့ရှိတယ်။ ဇူလိုင်လအစောပိုင်းမှာ အယ်လီက သန်မာတဲ့ ခြင်္သေ့ကလေးတစ်ကောင်ကို မွေးဖွားခဲ့ပြီး ဒါက အေဘယ်ကို အလွန်ပျော်ရွှင်စေခဲ့ပါတယ်။ ပိုင်မုလည်း သူတို့အတွက် ပျော်ရွှင်နေပြီး ခဲယ်လ်တစ်က လူလူသားရဲတစ်ကောင်နဲ့ ငါးကြီးကြီးအချို့ကို အယ်လီအတွက် အစားအသောက်လုပ်ပေးဖို့ အေဘယ်ဆီ ပို့လိုက်တယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now