Chapter 59.2

2.1K 353 5
                                    

Unicode

Chapter 59.2

ဘန်ဆွန်နဲ့မျိုးနွယ်စုခေါင်းဆောင် ပုကျီတို့ ခြင်္သေ့တောင်ပံမျိုးနွယ်စုကိုရောက်တဲ့အခါ စောင့်ဆိုင်းနေသူ တွေကို အကြည့်တစ်ချက်နဲ့တင် မြင်လိုက်ရတယ်။ ဒါကြောင့် တဖက်ကလူတွေက သူတို့ကို တွေ့တာကြာပြီဆိုတာ သူတို့သိသွားတယ်။

"မင်္ဂလာပါ မျိုးနွယ်စုခေါင်းဆောင် Er! ဒါက ကျွန်တော်တို့မျိုးနွယ်စုရဲ့မျိုးနွယ်စုခေါင်းဆောင် ပုကျီပါ" နှစ်ယောက်သားက orcs တွေစုဝေး နေတဲ့နေရာကို ရောက်လာပြီး ဘန်ဆွန်က ပုကျီကို 'Er'ရဲ့ရှေ့ ခေါ်သွားတယ်။

"ကြိုဆိုပါတယ် မင်းအတွက် ငါတို့ဘာလုပ်ပေးရမလဲ" Er က သူတို့ရဲ့ ခန္ဓာကိုယ်ပေါ်က သွေးတွေကို ကြည့်လိုက်ပြီး သူတို့က အကူအညီတောင်းခံဖို့လာတယ်ဆိုတာကို သိလိုက်တယ်။

"မျိုးနွယ်စုခေါင်းဆောင် Er၊ ငါ့လူတွေအတွက် အနားယူဖို့ နေရာကို အရင်စီစဉ်ပေးနိုင်မလား သူတို့ မထိန်းနိုင်တော့ဘူး" ပုကျီက သူ့မျက်လုံးတွေထဲကနေ အသနားခံပြီး ပြောလိုက်တယ်။

"မင်းတို့မှာ လူဘယ်နှစ်ယောက်ရှိလဲ"

“ကျွန်တော်တို့မှာ လူ၇၀၀ ကျော်ရှိတယ်" ပုကျီရဲ့ မျက်လုံးတွေက နီရဲနေတယ် ။ မူလက သူတို့မှာ လူ ၁၀၀၀ကျော်ရှိပေမယ့်လည်း သားရဲအုပ်ရဲ့ တိုက်ခိုက်ခြင်းခံရပြီးနောက်  ဒီလောက်သာ ကျန်ရှိတော့တယ်။ အခုတစ်ကြိမ် အသေအပျောက်အရေအတွက်ကလည်း မကြုံစဖူးအဖြစ်အပျက်ပါပဲ။မူလက သူတို့က ဒီနှစ်ဆောင်းရာသီမှာ အစာမငတ်နိုင် တော့တဲ့အတွက် ပျော်ရွှင်နေခဲ့ကြပေမယ့်လည်း သားရဲအုပ်ကြောင့် မျိုးနွယ်စုကနေ ထွက်ခွာဖို့ ဖိအားပေးခံရမယ်လို့ ဘယ်သူသိမှာလဲ။အကယ်၍ သူတို့က မျိုးနွယ်စုမှာ ဆက်ရှိနေရင် နောက်တစ်ကြိမ်သားရဲအုပ်လာတိုက်ခိုက်တဲ့အခါ   သူတို့က ရှင်းလင်းပစ်တာခံရနိုင်တယ်။

"ဟုတ်တယ် ဘက်ခ် ကျားတောင်ပံမျိုးနွယ်စုကလူတွေက ဘယ်လိုအကူအညီမျိုးတွေကို လိုအပ်နေလဲ ဆိုတာ သွားကြည့်ပြီးတော့ အခြေချနေထိုင်ဖို့ ခိုလှုံရာဂူဆီ ခေါ်သွားလိုက်ပါ" အခု ဒီလူတွေနဲ့ သင့်တော်မယ့် နေရာတစ်ခုပဲရှိတယ်လို့ 'Er'ထင်တယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now