Chapter 62.1

2.1K 340 2
                                    

Unicode

Chapter 62.1

အချိန်တွေက မိနစ်တိုင်းကုန်ဆုံးသွားပြီး သားရဲအများအပြားနဲ့ ရင်ဆိုင်ရင်း အချိန်အကြာကြီး တိုက်ပွဲဝင်နေရတဲ့ orcs တွေက တဖြည်းဖြည်းအားနည်းလာခဲ့တယ်။  သားရဲတွေပို,ပိုများလာပြီး orc  တွေရဲ့ကာကွယ်ရေးစည်းကို ဖြတ်ကျော်ကာ တောင်ပေါ်သို့ ပြေးတက်သွားကြတယ်။  Er က တဖြည်းဖြည်းပြတ်တောက်လာတဲ့ သတင်းတွေကိုကြည့်ပြီး သူ့စိတ်ထဲမှာ အရမ်းစိုးရိမ်နေမိတယ်။  တောင်ပေါ် ပြေးတက်လာတဲ့ သားရဲ တွေကလည်း သူ့နှလုံးသားကို အဆုံးမရှိပူပန်စေတယ်။

ပိုင်မုက ကောင်းကင်ပေါ်က ကျဲပါးနေတဲ့ငှက်တွေကိုကြည့်ပြီး စိတ်သက်သာရာရသွားတယ်။လက်ရှိအခြေအနေကိုကြည့်ရရင် ဘယ်ကီအတွက်  စိတ်ပူစရာမလိုတော့ဘူး။  ခိုလှုံရာဂူဆီသွားတဲ့လမ်းကို သံမှိုစိုက်ထားတဲ့ သစ်သားပျဉ်ပြားတွေနဲ့ခင်းထားတယ်။    တောင်ပေါ်တက်လာတဲ့ ပထမအသုတ်သားရဲတွေက ဂူပေါက်ဝကို မရောက်သေးပါဘူး။  အောက်မှာတိုက်ခိုက်နေတဲ့ orcs တွေက တဖြည်းဖြည်းခွန်အား ကျဆင်းလာတာနဲ့အမျှ အချိန်နှောင့်နှေးစေဖို့အတွက် တောင်ပေါ်တက်လာမယ့် နောက်ထပ် သားရဲတွေကို သူတို့ခုခံနိုင်ပေးဖို့ သူ မျှော်လင့်ခဲ့တယ်။

သားရဲတွေရဲ့ မျက်လုံးတွေက စူးရှတောက်ပနေပြီး လတ်ဆတ်တဲ့အစားအစာရဲ့ အနံ့နောက် လိုက်ဖမ်းရင်း တောင်ပေါ် ပြေးတက်လာကြတယ်။  ရှေ့ဆုံးကပြေးလာတဲ့ သားရဲက ရုတ်တရက် အော်ဟစ်လိုက်ပြီး သူ့ရဲ့ခြေဖဝါးအောက်ကနှင်းတွေက သွေးတွေစွန်းထင်းသွားတယ်။ နှင်းထဲမှာမြင်နေရတဲ့ ချွန်မြတဲ့သံမှိုတွေကို အနီးကပ်ကြည့်လိုက်ရင် ထိပ်ဖျားမှာ သွေးစွန်းနေတာကို တွေ့ရလိမ့်မယ်။နောက်ကလိုက်လာတဲ့သားရဲက အဲ့ဒါကိုမြင်တဲ့အခါ ရုတ်တရက်ရပ်တန့်လိုက်ပေမယ့် သူ့ရှေ့ကအဖော်က ရုတ်တရက်ရပ်လိုက်မယ်လို့ မမျှော်လင့်ထားတဲ့သားရဲတွေက တိုက်ရိုက်၀င်တိုက်မိသွားကြတော့တယ်။သားရဲက သံဆူးတွေကိုထိမိပြီး ခန္ဓာကိုယ်က ချက်ချင်းထိုးဖောက်ခံလိုက်ရတယ်။  အရှေ့ဘက်ကသားရဲက ခြေလှမ်းအနည်းငယ်လည်း အတွန်းခံရလိုက်ပြီး သူ့ရဲ့လက်သည်းတွေက ကျိုးလုနီးပါး ဖြစ်သွားတယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now