Chapter 35.2

3.4K 600 3
                                    

Unicode

"အစ်ကို ဒါကိုဘယ်လိုလုပ်တာလဲ အစ်ကိုရွေးတာပြီးသွားရင် သားဘာလုပ်သင့်လဲ"တပေါက အနည်းငယ်လေး ထခုန်လိုက်တယ်။

  " ဟဟဟ ဒါက အင်အားပဲ မင်းမှာ အင်အားမရှိရင် ဒီမှာပဲနေလိုက်တော့ " ပိုင်မုက အရမ်းရှက်သွားတယ်။ သူအနိုင်ရသွားလို့ ဒီလိုပြီးမြောက်အောင်မြင်နိုင်တယ်ဆိုတဲ့ ခံစားချက်ကို အခုချိန်ထိ ခံစားလို့ရနေပြီး ပိုင်မုက အဲ့ခံစားချက်ထဲ ‌နစ်မြောသွားပြီလို့ ပြောရပါမယ်။

"အစ်ကို အစ်ကိုက အနိုင်ကျင့်နေတာပဲ"

"မင်းတို့ ဘာကစားနေတာလဲ"အန်းချီလော့က  သူတို့ပျော်နေတာတွေ့လို့ ကူကယ်ရာမဲ့စွာနဲ့ လျှောက်လာခဲ့တယ်။

"ဒုတိယအစ်ကို လာ၊ ဒီဟာက အရမ်းပျော်ဖို့ကောင်းတယ်၊ ဒါပေမယ့် အစ်ကိုကြီးပိုင်မုက ကလေးတွေကို အနိုင်ကျင့်တာတော့ နည်းနည်းမကောင်းဘူး" တပေါက ပိုင်မုကို မျက်စောင်းထိုးပြီး ပြောလိုက်တယ်။

"ငါ မင်းကို အနိုင်ကျင့်တာ မဟုတ်ဘူး၊ ဒါက မင်းရဲ့အရည်အချင်းက မလုံလောက်လို့လေ မင်း အနိုင်ယူချင်ရင်  လေ့ကျင့်ရမယ်" ပိုင်မုက ကိုးရို့ကားရားခံစားရတယ်။

"ငါလည်း လာမယ် " အန်းချီလော့က သူတို့အရမ်းစိတ်ဝင်စားစရာကောင်းတာကို တွေ့ပြီး သူတို့အဖွဲ့ထဲကို လာပူးပေါင်းလိုက်တယ်။

ခဲယ်လ်တစ်က မြေကြီးပေါ် ထိုင်နေတဲ့လူသုံးယောက်ကို ကြည့်ပြီး သူ့မှာ ကလေးသုံးယောက်ရှိတယ်လို့ ရုတ်တရက် ထင်မိသွားတယ်။  သူက ကောင်းကင်ကို ထပ်မော့ကြည့်လိုက်တယ်၊ အခုက သိပ်မစောတော့ဘူး။ အဲဒီလူနည်းစုက ဟင်းချက်ဖို့ကို  သတိမရကြတော့ဘူး။  အလုပ်ကြိုးစားပြီး ပါတနာကောင်းတစ်ယောက်နဲ့ အစ်ကိုကောင်းတစ်ယောက်ဖြစ်တဲ့ ရဲဘော်ခဲယ်လ်တစ်က မပြီးသေးတဲ့ ခြင်းတောင်းကို သူ့လက်ထဲက ချလိုက်ပြီး ထမင်းချက်ဖို့ ထလိုက်တယ်။

လိန်းကျယ်ရောက်လာတဲ့အခါ၊ ခဲယ်လ်တစ် ထမင်းချက်နေတာကိုမြင်တော့ အံ့အားသင့်သွားပြီး သူ့အစ်ကိုကြီးရဲ့ အလုပ်ကြိုးစားမှုက ပုံမှန်အားဖြင့် သူ့(ပိုင်မု)ကြောင့်ဆိုတာကို သူနားလည်သွားတယ်။ လိန်းကျယ်က တံခါးနားမှာ အတူတူကစားနေတဲ့ လူသုံးယောက်ကို အလိုက်တသိ ပြုံးကာ ကြည့်လိုက်တယ်။  ဒါက အန်းချီလော့အတွက် ပထမဆုံးအကြိမ်ပါ။  သူ့(လိန်းကျယ်)ရဲ့ဖြစ်တည်မှုကို လျစ်လျူရှုထားပြီး ဒီတစ်ခါတော့ သူ(အန်းချီလော့)ပျော်နေတာကြောင့် သူ့(လိန်းကျယ်)ကို ဂရုမစိုက်ချင်ပါဘူး။ 

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now