Chapter 3.2

9.1K 1.6K 20
                                    

(Unicode)

ပိုင်မုက တွေဝေသွားတယ်။သူက အခုလောလောဆယ် အခြေအနေကို မသိသေးဘူး။သူ(ပိုင်မု)က သူ(ခဲယ်လ်တစ်)နဲ့လိုက်သွားချင်လား?ပြီးတော့ ဘာကြောင့် သူက ဒီမှာရှိနေရတာလဲ?သူမကူးပြောင်းလာခင်က မြင်ခဲ့တဲ့မြင်ကွင်းကရော တကယ်လား?တောက်ပတဲ့ ဆီဆေးပန်းချီ၊ ထူးဆန်းပြီး မြင့်မားတဲ့ မွန်းစတားနဲ့ ပြီးတော့ ရွှေရောင်ခြင်္သေ့။

ပြန်ကြည့်,ကြည့်တော့ အဲ့ဒီခြင်္သေ့က Aslanနဲ့သိပ်မတူဘူး။Aslanထက်တောင် ကြီးမားသေးတယ်။သူ့ရဲ့အမွေးတွေက တောက်ပပြီး စိတ်နေသဘောထားကလည်း Aslanရဲ့ *ဆီးနှင်းကျတဲ့နှစ်ရဲ့ ကံကြမ္မာအပြောင်းအလဲက‌နေ ကွဲပြားတယ်။(T/N-အေးစက်မနေဘူး နွေးထွေးတယ်)သို့ပေမယ့် မြင့်တက်နေတဲ့နေတစ်စင်းလို အားမာန်အပြည့်ရှိပေမယ့်လည်း တည်‌ငြိမ်နေဆဲပဲ။စကားမစပ် ဒါကလည်း ဒီလူရဲ့စိတ်နေသဘောထားပဲနဲ့တူပါတယ်။

တဖက်လူက ခုထိ ကတိမပေးသေးတာကို ခဲယ်လ်တစ်မြင်တော့ သူက အနည်းငယ်‌လောက် ပျာယာခတ်သွားတယ်။သူ(ပိုင်မု)က သူ(ခဲယ်လ်တစ်)နဲ့ လိုက်ဖို့ ‌ဆန္ဒမရှိတာများလား?လူနှစ်ယောက်ရဲ့ကြားက တိတ်ဆိတ်မှုကြီးကို ပိုင်မုရဲ့အစာအိမ်ကထွက်လာတဲ့ မြည်သံက ချိုးဖျက်လိုက်တယ်။ပိုင်မုက ရှက်သွေးဖြာသွားတယ်။သူ တကယ်ကို ဗိုက်ဆာနေပြီလေ။

"ကိုယ် စွပ်ပြုတ်လုပ်ထားတယ်၊ မင်း စောင့်နေနော်"ခဲယ်လ်တစ်က သူဂရုမစိုက်မိတာကို တိတ်တိတ်လေး အပြစ်တင်လိုက်တယ်။မိန်းမပျိုငယ်လေးက အချိန်တော်တော်ကြာအောင် မစားရသေးဘူး ဒါကြောင့် သူက ပိုင်မုဆီ စွပ်ပြုတ်တစ်ပန်းကန်ကို လျင်မြန်စွာ ယူလာခဲ့တယ်။ပိုင်မုက ရိုးရှင်းတဲ့ကျောက်တုံးအိပ်ယာရဲ့အစွန်းနားမှာ ထိုင်လိုက်တယ်။စွပ်ပြုတ်ကို ကောက်ယူဖို့ လက်လှမ်းလိုက်ပြီး သူကျောက်ပန်းကန်လုံးရဲ့အစွန်းကို ထိမိတော့ သူ့လက်ကို ပြန်ဆွဲယူလိုက်တယ်။

"မင်း အဆင်ပြေရဲ့လား"ခဲယ်လ်တစ်က ပန်းကန်လုံးကို လျင်မြန်စွာ ချထားလိုက်ပြီး သူ့လက်ကို ပြန်ဆုတ်လိုက်တယ်။ပြီးတော့ သူ(ပိုင်မု)ဒဏ်ရာမရတာကို မြင်တော့မှ စိတ်သက်သာရာရသွားတယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now