Chapter 4.2

8.1K 1.3K 36
                                    

(Unicode)

Orcs

နေရာလွတ်ထဲက လယ်တဲရဲ့ရှေ့မှာ ကြက်ခြံနဲ့ ဘဲခြံတွေရှိတယ်။ကျွဲ၊နွားတွေနဲ့ မြင်းတွေလိုမျိုး ကြီးမားတဲ့တိရိစ္ဆာန်တွေကို ပိတ်ထားဖို့ ခြံနှစ်ခုလည်းရှိတယ်။သူ့နောက်မှာ လယ်တဲပဲ။အတွင်းဘက်မှာ မီးဖိုဟောင်းနဲ့တူတဲ့ မီးဖိုချောင်၊ ဧည့်ခန်း၊ အိပ်ခန်းသုံးခန်းနဲ့ အိမ်သုံးပစ္စည်းထားဖို့အခန်းတစ်ခန်း ရှိတယ်။အိမ်က သပ်ရပ်သန့်ရှင်းနေတယ်။

ပိုင်မုက သူ့ကားထဲမှာ လက်ဆောင်တွေကိုလည်း တွေ့ခဲ့တယ်။အ၀တ်အစားသေတ္တာထဲက တောင်တက်တဲ့အိတ်ကို ကြည့်နေရင်း ပိုင်မုက ခါးသီးတယ်လို့ ခံစားလိုက်ရတယ်။ကျိုးကျစ်ရွေ့ကို အံ့အားသင့်စေချင်တာကြောင့်နဲ့
ကားရပ်ထားတဲ့နေရာကို တိုက်ရိုက်သွားပြီးတော့ လက်ဆောင်တွေကို ‌ကားပေါ်မှာထားပြီး supermarketကို မောင်းသွားခဲ့တာ။မမျှော်လင့်စွာနဲ့ အဲ့ဒီလက်ဆောင်တွေက သူနဲ့တူတူ ဒီကွဲပြားတဲ့ကမ္ဘာကြီးကို ပါလာခဲ့တယ်။

ပိုင်မုက တခြားကမ္ဘာကို ယူလာခဲ့မိတဲ့ ကုန်တင်ကားအသေးလေးကိုလည်း ကြည့်လိုက်တယ်။သူကားမတော်တဆဖြစ်တုန်းက ဒီကားက ဘေးမှာ ရပ်ထားခဲ့တာကို သူမှတ်မိသေးတယ်။ဗန်ကားရဲ့ နောက်ဘက်က တံခါးကို ဖွင့်ရင်းနဲ့ ပိုင်မုက မှင်တက်သွားတယ်။ဒါက hardware storeဆိုင်တစ်ဆိုင်က ပို့ဆောင်ပေးတဲ့ ကုန်တင်ကားအသေးလေးမဟုတ်ဘူးလား။ကားက ၀က်အူလှည့်၊ သံ၊ ခွ၊ ပလာယာနဲ့ တံခါးပေါက်တွေလိုမျိုး ကိရိယာတွေနဲ့ ပြည့်နှက်နေတယ်။

ပိုင်မုအံ့အားအသင့်ဆုံးအရာက လယ်တဲရှေ့က တောအုပ်ထဲမှာရှိတဲ့ ရေပူစမ်းပဲ။သူက ရေအပူချိန်ကို စမ်းလိုက်တယ်။အခုက ရေချိုးဖို့အချိန်လေးပဲ။သူက သက်တောင့်သက်သာနဲ့ ရေချိုးလိုက်ပြီးနောက် သူ့အ၀တ်တွေကို လဲလိုက်ကာ အခန်းဖွဲ့ဖို့ တောင်တက်တဲ့အိတ်ကို သယ်လာခဲ့တယ်။

ခဲယ်လ်တစ်က သူ့သားကောင်နဲ့အတူ ပြန်လာတဲ့အချိန် ဂူထဲမှာ ထူးဆန်းတဲ့အိတ်ကြီးကို မြင်ခဲ့တယ်။ပြီးတော့ ပိုင်မုက အဲ့ဒီထူးဆန်းတဲ့အရာကို ထပ်ပြီး၀တ်ဆင်ထားပေမယ့် အဲ့ဒါက ကြည့်ရတာ လှတယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now