Chapter 5.1

7.8K 1.2K 35
                                    

(Unicode)

ရှေးကျသောမျိုးနွယ်စု

"ခဲယ်လ်တစ် မျိုးနွယ်စုက ဒီနားမှာပဲလား"ပိုင်မုက အမြဲတမ်းပြောင်းလဲသွားတဲ့မြင်ကွင်းဖြစ်တဲ့ အဆုံးမရှိတဲ့တောအုပ်ကို ကြည့်ရင်း ဖျော့တော့စွာနဲ့ မေးလိုက်တယ်။

သူတို့ထွက်လာခဲ့တာ သုံးရက်ရှိပြီ။ပြီးတော့ စားတာနဲ့အိပ်စက်တာကလွဲပြီး ပျံသန်းနေခဲ့ကြတာ။သူက အဲ့ဒီသုံးရက်မှာ အရသာမရှိတဲ့ ပင်တိုင်အစားအစာကိုပဲ စားခဲ့ရတယ်။ဆားကို အချိန်အကြာကြီးမစားခဲ့ရတော့ စားချင်စိတ်ပျောက်ပြီး သူ့ခြေလက်တွေပါ အားနည်းလာတယ်လို့ သူခံစားရတယ်။ဒါပေမယ့် လူကြီးက သူ့ကို သယ်လာတော့ ဘာမှလုပ်လို့မရဘူး။အဲ့ဒါက တကယ်ကို *ဂြိုလ်အမျိုးအစားမဟုတ်တော့လို့ သူက နောက်တစ်ခေါက်ထပ်ပြီး သက်ပြင်းချလိုက်ပြန်တယ်။(T/N-မူလကမ္ဘာမဟုတ်တော့လို့)

"ကိုယ်တို့မနက်ဖြန်‌ အဲ့ဒီကို ရောက်လိမ့်မယ်"ခရီးစဉ်က အရမ်းခက်ခဲတာကို ခဲယ်လ်တစ်က သိလို့ ဒီအချိန်အတောအတွင်းမှာ သူက ပိုင်မုကို ဂရုစိုက်ခဲ့တယ်။

"ဘယ်လို?ကျွန်တော်တို့ နှစ်ရက် ဒါမှမဟုတ် သုံးရက်‌မှာ ရောက်နိုင်တယ်လို့ ခင်ဗျားပြောခဲ့တယ်မဟုတ်ဘူးလား၊ မနက်ဖြန်က လေးရက်မြောက်နေ့ပဲ"ပိုင်မုက သူ နောက်ထပ်တစ်ရက် အရသာမရှိတဲ့အစားအစာကို စားရဦးမယ်ဆိုတာကို တွေးလိုက်တော့ သူအရမ်းကို စိတ်ဓာတ်ကျသွားတယ်။

"အဲ့ဒါက ကိုယ်တစ်ယောက်တည်းပြန်တဲ့ခရီးကို ပြောတာ၊ မင်းက နေပြန်ကောင်းရုံလေးရှိသေးတော့ အရမ်းမြန်ရင် မင်းရဲ့ခန္ဓာကိုယ်က မကိုင်တွယ်နိုင်မှာကို ကိုယ်စိတ်ပူလို့"ခဲယ်လ်တစ်က စိတ်လက်လက်ရှည်နဲ့ ရှင်းပြတယ်။

"အိုး"ခဲယ်လ်တစ်က သူကောင်းဖို့အတွက်လုပ်တယ်ဆိုတာကိုသိပြီးတော့ ပိုင်မုက ဘာမှမပြောတော့ပဲနဲ့ သူ့(ခဲယ်လ်တစ်)ကျောပေါ်မှာ လဲလျောင်းလိုက်တယ်။အစပိုင်းမှာ သူက နည်းနည်းလေး ကြောက်လန့်နေသေးပေမယ့် အခုတော့ သူက အပြည့်အ၀ကို နေသားကျသွားပြီ။

ပိုင်မုက သူ့ရဲ့မျက်နှာလေးကို ခဲယ်လ်တစ်ရဲ့နူးညံ့တဲ့အမွေးတွေထဲမှာ မြုပ်နှံလိုက်ပြီး စိတ်ချမ်းသာစွာနဲ့ သက်ပြင်းချလိုက်ကာ သူ့ရဲ့မျက်နှာလေးနဲ့ပွတ်သပ်လိုက်တယ်။ဒါက တကယ့်ကို သက်တောင့်သက်သာရှိတယ်။လူတွေက အမွေးနဲ့လုပ်ထားတဲ့ကုန်ပစ္စည်းတွေကို ကြိုက်နှစ်သက်ကြတာ မအံ့ဩတော့ပါဘူး။၀တ်ဆင်ရတာ သက်တောင့်သက်သာရှိတယ်နေရမယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now