Chapter 8.2

6.4K 1.1K 14
                                    

(Unicode)

ဘာရိုသီး

"အရသာတူတူပဲ"ခဲယ်လ်တစ်က ဟုတ်မှန်ကြောင်း ပြောလိုက်တယ်။

ပိုင်မုက သူ့လက်ထဲက ဆားတွေကို စွပ်ပြုတ်ထဲ ထည့်လိုက်ပြီး လေးလံတဲ့ဇွန်းနဲ့ မွှေလိုက်တယ်။ထို့နောက် သူအရသာမြည်းကြည့်ပြီး အရင်ကထက် ပိုကောင်းသွားတယ်လို့ ခံစားလိုက်ရတယ်။သူ့ကို စိုက်ကြည့်နေတဲ့ ညီအစ်ကိုသုံးယောက်ကိုလည်းပဲ စွပ်ပြုတ်ကို မြည်းစမ်းကြည့်စေတယ်။

ညီအစ်ကိုသုံးယောက်က ဇဝေဇဝါနဲ့ တစ်ငုံစီယူလိုက်ကြပြီး သူတို့ရဲ့မျက်လုံးတွေက တောက်ပသွားကြတယ်။အရသာက အခုတော့ အရင်ကထက်ပိုပြီး အရသာရှိမယ့်ပုံပေါ်တယ်။မွှေးကြိုင်သင်းပျံ့နေရောပဲ။သူတို့က နောက်ထပ်တစ်ငုံကို တကယ့်ကို မယုံကြည်နိုင်‌ကြောင်းငြင်းဆိုပြီး ထပ်ယူလိုက်ကြတယ်။သုံးယောက်သားက ပိုင်မုကို လေးစားမှုတွေနဲ့ ကြည့်ခဲ့တယ်။

"အကိုကြီးပိုင်မု အစ်ကိုဘယ်လိုလုပ်လိုက်တာလဲ"အန်းချီလော့က မယုံသင်္ကာနဲ့ ကြည့်တယ်။

"မင်းတို့ အခုလေးတင်ပြောလိုက်တဲ့ အရသာမကောင်းဘူးဆိုတဲ့အရာတချို့ကို ထည့်လိုက်ရုံလေးပါ"

"အဲ့ဒါက အံ့‌ဩောစရာပဲ"အန်းချီလော့က သပ်ပြင်းရှိုက်လိုက်တယ်။

"ခဲယ်လ်တစ် ဒီမှာ ဘာရိုသီးလို့ခေါ်တဲ့ အသီးတွေအများကြီး ခင်ဗျားတို့မှာရှိတာလား"ပိုင်မုက ခဲယ်လ်တစ်ကို ကြည့်ပြီး မေးလိုက်တယ်၊ အဲ့ဒါတွေသာမရှိရင် လွယ်ကူလိမ့်မှာ မဟုတ်ဘူး။

"မျိုးနွယ်စုနားမှာ အများကြီးပဲ ကိုယ် တချို့ကို ကောက်ပြန်လာခဲ့ပေးမယ်"ပိုင်မုလိုချင်နေတာကို မြင်တော့ ခဲယ်လ်တစ်က ထရပ်လိုက်ပြီး ဂူအပြင်ဘက်ကို လမ်းလျှောက်သွားလိုက်ပြီးတော့ မျိုးနွယ်စုရဲ့ အစွန်ဘက်ကို ပျံသန်းသွားခဲ့တယ်။

ပိုင်မုက သူအဝေးကို ပျံသန်းသွားတာကို ကြည့်ပြီး အန်းချီလော့ဆီ ပြန်လှည့်လာကာ ပြောလိုက်တယ်။"အန်းချီလော့ မင်းခါးတဲ့အသီးရွက်စွပ်ပြုတ်ကို လုပ်ဖို့ ပြောထားတယ်မဟုတ်ဘူးလား ကျွန်တော်မှတ်မိတယ် မင်းရဲ့ခါးတဲ့အသီးရွက်က ဘယ်မှာလဲ"

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now