Chapter 10.1

6.4K 1.1K 10
                                    

(Unicode)

ဝါးလား ဒါမှမဟုတ် အပြာရောင်သစ်သားလား

ပိုင်မုက လှေကားအတိုင်း အပေါ်ထပ်ကို တက်လိုက်တယ်။ဒုတိယထပ်မှာ ဘာမှမရှိဘူး။သုံးဘက်ခြမ်းက နံရံတွေရှိပြီး တစ်ဘက်ကတော့ ထွင်းထုထား‌တဲ့သစ်သားနံရံတွေရှိတယ်။၎င်းတို့က အပေါ်ကနေ အောက်ကို တပ်ဆင်ထားပြီး အလယ်ဘက်မှာတော့ ‌ပြတင်းပေါက်တွေရှိတဲ့ အတန်းတစ်ခုရှိတယ်။အလင်းရောင်ကလည်း ကောင်းမွန်တယ်။ပိုင်မုက အပေါ်ကို မော့ကြည့်လိုက်ပြီး ခေါင်မိုးပေါ်မှာ သစ်သားရက်မနဲ့ အပြာရောင်အုတ်ကြွပ်ပြားတွေကို မြင်လိုက်ရတယ်။ပိုင်မုက သစ်သားပြတင်းပေါက်ကို ဖွင့်လိုက်ပြီး စိမ်းလန်းစိုပြေနေတဲ့ ရှုခင်းကို တွေ့ခဲ့တယ်။
အပေါ်ထပ်မှာ နေဖို့ကောင်းမွန်တာ ဖြစ်နိုင်လောက်တယ်။

ဒုတိယထပ်ကိုကြည့်ဖို့ ဘာမှမရှိတာကို တွေ့ပြီး ပိုင်မုက အိမ်သုံးပစ္စည်းထားတဲ့အခန်းကို သွားခဲ့တယ်။အိမ်သုံးပစ္စည်းထားတဲ့အခန်းမှာ တံစဉ်းတွေ ၊ပုဆိန်တွေ၊ ပေါက်တူးတွေ၊
ရေခွက်တွေနဲ့ တခြားစိုက်ပျိုးရေးနဲ့ဆိုင်တဲ့ ပစ္စည်းကိရိယာတွေအပြင်  ထိုးဝါးတွေနဲ့ သစ်သားစည်တွေလည်း ရှိတယ်။

ပိုင်မုက အဲ့ဒီအရာတွေနဲ့ ကုန်းမြေမှာ သူစိုက်ပျိုးနိုင်တယ်။ဒါပေမယ့် အဲ့ဒီကုန်းမြေတွေနဲ့ပတ်သက်ပြီး ဘာလုပ်ရမလဲဆိုတာ အခုထိ သူမသိသေးဘူး။ပိုင်မုက ဟင်းသီးဟင်းရွက်အချို့၊ဆန်နဲ့ ဂျုံစေ့တွေ ကိုလည်းပဲ အိမ်သုံးပစ္စည်းအခန်းထဲက စင်ပေါ်မှာ ရှာတွေ့ခဲ့တယ်။မဆိုးဘူး။သူက ကွဲပြားတဲ့ကမ္ဘာထဲက ရှေးကျ‌တဲ့မျိုးနွယ်စုကို အချိန်ခရီးသွားလာပေမယ့် သူက သူ့ကိုယ်သူ ဂရုစိုက်နိုင်တုန်းပဲ ဟုတ်တယ်မလား။

ပိုင်မုက အိမ်သုံးပစ္စည်းအခန်းကို ပိတ်လိုက်ပြီး မီးဖိုချောင်ကို သွားခဲ့တယ်။မီးဖိုချောင်သုံးပစ္စည်းတွေက ဟင်းခတ်အမွှေးအကြိုင်ကနေ ပေါင်းအိုး၊ သေးငယ်တဲ့ကျောက်သားကြိတ်စက်တစ်လုံးတောင်မှ ရှိတဲ့ထိကို အတော်လေး ပြည့်စုံတယ်။အိုးတွေနဲ့ ဒယ်အိုးတွေကတော့ ပိုပြီးတော့တောင် စုံသေး။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now