Chapter 15.2

5.5K 928 25
                                    

(Unicode)

သားကောင်သေသွားတာကို မြင်မှ ခဲယ်လ်တစ်က ပိုင်မုကို ပြန်ခေါ်ဖို့ သစ်ပင်ဆီကို ပျံသန်းသွားတယ်။ပိုင်မုက လူလူမွန်ရဲ့ဦးတည်ရာကို ကြည့်လိုက်တဲ့အခါ သူ့ရဲ့မျက်၀န်းတွေက ပင့်တက်သွားပြီး မနီးမဝေးမှာ ကြက်သွန်ဖြူတွေကို တွေ့လိုက်ရတယ်။ပိုင်မုက အဲ့ဒီကို ပျံသန်းစေလိုက်ပြီးတော့ ကြက်သွန်ဖြူအများအပြားကို ဆွဲထုတ်လိုက်တယ်။

"ဆဲလ် ပြန်ကြရအောင်"ဆွဲနုတ်ပြီးနောက် ပိုင်မုက ကြက်သွန်ဖြူတွေကို ကိုင်ထားလိုက်ပြီး ခဲယ်လ်တစ်ကို အိမ်ပြန်ဖို့ အားရကျေနပ်စွာနဲ့ တိုက်တွန်းခဲ့တယ်။

ခဲယ်လ်တစ်က ပိုင်မုကို ဒီလိုမြင်ရတာ၀မ်းသာပြီး သူက ပျော်ရွှင်စွာနဲ့ ပိုင်မုနဲ့သူ့ရဲ့သားကောင်ကို အိမ်ကို ယူသွားခဲ့တယ်။

သူအိမ်ကိုရောက်ရောက်ချင်း ပိုင်မုက သူနဲ့လွန်ခဲ့တဲ့နှစ်ရက်က တူတူရှိခဲ့ဖူးတဲ့အန်းချီလော့နဲ့ နီရှိဇ၀ကို ခေါ်လိုက်တယ်။အန်းချီလော့ဆီ အသီးတွေ ယူလာပေးတဲ့လိန်းကျယ်တောင် အာရုံဖမ်းစားခံလိုက်ရတယ်။ဒီအချိန်မှာ ခြင်္သေ့လေးတောင်မှ ခြွင်းချက်မရှိပါဘူး။ပိုင်မုလုပ်မယ့်အရာကို လူအနည်းငယ်ကသာ နားလည်နိုင်လိမ့်မယ်။

ညနေကျရင် သူက သူတို့အတွက် ကောင်းမွန်တဲ့အစားအသောက်တွေလုပ်ပေးမယ်လို့ ပိုင်မု‌ပြောလိုက်တဲ့အခါ သူက အားလုံး စိတ်၀င်စားတာခံလိုက်ရတယ်။သူဆားချက်တဲ့အချိန်တုန်းက‌တောင် အရမ်းပျော်နေတာကို သူ(ခဲယ်လ်တစ်)မမြင်ခဲ့ဘူး။သူ ၎င်းကို တကယ်မျှော်လင့်စောင့်စားနေမိပြီ။သူတို့ထဲက အတက်ကြွဆုံးကတော့ ခြင်္သေ့လေးတပေါပဲ။

ပိုင်မုက နီရှိဇ၀ကို အိမ်မှာ ကြီးမားတဲ့မြေအိုးရှာဖို့ ပြောလိုက်ပြီး မီးဖိုနှစ်ခု လုပ်လိုက်ကာ ၀က်မွေးတွေကို ရေနွေးဖျောဖို့ ရေနွေးတည်ခဲ့တယ်။ခဲယ်လ်တစ်နဲ့ ရက်ဂါ(လိန်းကျယ်)ကိုတော့ ကျောက်သားဓားတစ်ချောင်းနဲ့ ၀က်မွေးရိတ်စေလိုက်တယ်။

၎င်းက ဒီနေရာမှာ အသုံးပြုဖို့ မလွယ်ကူတာကို မြင်ပြီး ၎င်းကိုလုပ်ဖို့ မြေအိုးကို စမ်းချောင်းဆီ ယူသွားဖို့ ခဲယ်လ်တစ်က အဆိုပြုလိုက်တယ်။ပိုင်မုကလည်း အဆင်သင့်သဘောတူခဲ့တယ်။တစ်အုပ်စုလုံးက စမ်းချောင်းဆီ ထွက်ခဲ့ကြတယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now