Chapter 17.1

5.2K 916 14
                                    

(Unicode)

"ပိုင်မု မင်းကို ကျေးဇူးတင်ပါတယ်"နှစ်ယောက်သား ဘေးချင်းယှဉ်လျှောက်လာတုန်း ခဲယ်လ်တစ်က ရုတ်တရက်ပြောလိုက်တယ်။

"အာ?"ပိုင်မုက သူဘာလို့ ရုတ်တရက်ကျေးဇူးတင်ရတာလဲဆိုပြီး အံ့ဩသွားတယ်။

"ကိုယ့်လူမျိုးတွေကို မင်းလုပ်ခဲ့ပေးတဲ့အရာတိုင်းအတွက် မင်းကိုကျေးဇူးတင်တာပါ"ပိုင်မုက စိတ်ရှုပ်ထွေးနေပြီး ချစ်စရာကောင်းနေတာကြောင့် ခဲယ်က ပြုံးခဲ့တယ်။

"ခင်ဗျားက ဒါကိုပြောတယ် ခင်ဗျားဘာမှမပြောလို့လဲ ဘာမှမဖြစ်ပါဘူး ကျွန်တော်က အဲ့ဒါအကြောင်းကို ကျွန်တော့်ကိုယ်ကျွန်တော်ထက်ပိုကောင်းအောင် တွေးခဲ့တာပါ"ပိုင်မုက ရုတ်တရက် သူဘာပြောနေလဲဆိုတာကို သဘောပေါက်သွားတယ်။

"အင်း"ခဲယ်က ‌ပျော်ရွှင်စွာ ခေါင်းညိတ်လိုက်တယ်။ဒီအဓိပ္ပာယ်က ပိုင်မုက ဒီနေရာကို သူ့ရဲ့အိမ်အဖြစ်နဲ့ ဖြည်းဖြည်းချင်း စတင်တွေးတောနေပြီလို့ ဆိုလိုတာပဲ။

"ခဲယ်လ်တစ် မျိုးနွယ်စုက ဘယ်အချိန် အစားအစာသွားကောက်ကြမှာလဲ"ပိုင်မုက နောက်ကျောမှာလွယ်တဲ့ခြင်းတောင်းကို စောစောရက်ဖို့ အစီအစဉ်ဆွဲနေတယ်။ဒါ‌ဆို အစားအစာရှာတဲ့အချိန်ကျရင် သူက ပိုပြီးယူနိုင်လိမ့်မယ်လေ။

"နောက်သုံးရက်နေရင် ၊ ဘာဖြစ်လို့လဲ"

"ဘာမှမဟုတ်ပါဘူး ကျွန်တော် နောက်ကျောမှာလွယ်တဲ့ခြင်းတောင်းကို မြန်မြန်လုပ်ချင်ရုံပါ ဒါဆို ကျွန်တော် ပိုများတဲ့အရာတွေကို ပြန်ယူလာနိုင်ပြီလေ"

"နောက်ကျောမှာလွယ်တဲ့ခြင်းတောင်းက ဘာလဲ"ခဲယ်လ်တစ်က ဒီလိုအရာကို တခါမှမကြားခဲ့ဖူးဘူး။

"အဲ့ဒါက ကျွန်တော့်ကျောပေါ်က အိတ်နဲ့နည်းနည်းတူပေမယ့် ခင်ဗျား ကျွန်တော့်ကိုရအောင် ကူညီပေးခဲ့တဲ့ အပြာရောင်သစ်သားအမြှောင်းလေးတွေနဲ့ ရက်လုပ်ထားတာ"

"ကိုယ် မင်းကို ကူညီပေးမယ်"ခဲယ်လ်တစ်က ပိုင်မုရဲ့သွယ်လျပြီးဖြူဖွေးနေတဲ့လက်တွေကို ကြည့်လိုက်ပြီး အပြာသစ်သားအမြှောင်းတွေ အသုံးပြုတဲ့အချိန် သူ့(ပိုင်မု)ဘာသာလုပ်နေတာကို တွေးလိုက်တယ်။၎င်းမှာ ကြမ်းထော်နေတဲ့အစွန်းလေးတွေရှိပြီး လူကို ထိုးမိလိမ့်မယ်။သူ ပိုင်မုကို အဲ့ဒါလုပ်ခွင့်မပြုနိုင်ပါဘူး။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now