Chapter 19.1

4.9K 1K 10
                                    

(Unicode)

နှစ်ယောက်သားက တိရိစ္ဆာန်သားရေအ၀တ်အစားတစ်စကို လျှော်ဖွပ်ပြီးနောက် အခြောက်ခံဖို့အတွက် စမ်းချောင်းနားက ‌ကျောက်တုံးကြီးပေါ်မှာ  ဖြန့်ပြီးလှန်းလိုက်ကြတယ်။အ၀တ်အစားတွေအားလုံးလျှော်ပြီးနောက်မှာတော့ စကားပြောဖို့ သစ်ပင်အရိပ်အောက်မှာ ထိုင်ခဲ့ကြတယ်။

"အစ်ကိုကြီးပိုင်မု ကျွန်တော့်ရဲ့အစ်ကိုကြီးကို ဘယ်လိုထင်လဲ"သူ့အစ်ကိုကြီးက အရမ်းတုံးတယ်။ရက်ပေါင်းများစွာကြာပြီးနောက်မှာတောင် သူ(ခဲယ်လ်တစ်)က ဘာတိုးတက်မှုမှမရှိလာသေးဘူး။ဒါကြောင့် သူ
(အန်းချီလော့)က အရင်ဆုံးတချက်မေးကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။

"အင်း သူက အရမ်းကောင်းတဲ့လူပါ ကြည့်ကောင်းပြီး အလုပ်လည်းအရမ်းကြိုးစားတယ်"ပိုင်မုက တိုးတိုးလေးပြောတယ်။

"ဟုတ်တယ် ဟုတ်တယ် မျိုးနွယ်စုထဲက ငယ်ရွယ်တဲ့orcအနည်းစုကလောက်ပဲ ကျွန်တော့်အစ်ကိုလို ကြည့်ကောင်းတာ ။ကျွန်တော့်အစ်ကိုရဲ့ ပုံပန်းသွင်ပြင်ကို ကြည့်လိုက်ဦး ဒါ့အပြင် ကျွန်တော့်အစ်ကိုက ထောက်ထားညှာတာတတ်ပြီး လူတွေကို ဂရုစိုက်တတ်တယ် သူက မျိုးနွယ်စုထဲမှာ အကောင်းဆုံးစစ်သည်တော်တွေထဲက တစ်ယောက်လည်းဖြစ်နေတုန်းပဲ  သူက စကားသိပ်များများမပြောတာလည်း အစ်ကို မြင်တယ်မလား မျိုးနွယ်စုထဲက မိန်းမပျိုတွေက သူ့ကို အများကြီး သဘောကျကြတယ်"အန်းချီလော့က သူ့အစ်ကိုကြီးရဲ့ကောင်းမွန်မှုတွေကို စုစည်းပြီး ရောင်းထွက်နိုင်ဖို့ အကောင်းဆုံးကြိုးစားနေတယ်။

ပိုင်မုက အဲ့ဒါကို ကြားတဲ့အခါ မရည်ရွယ်ပဲနဲ့ ခဲယ်လ်တစ်နဲ့အတူရှိခဲ့တဲ့ အချိန်လေးတွေကို တွေးမိခဲ့တယ်။ဒီလူက အများကြီးသိပ်မပြောပေမယ့် သူ(ခဲယ်လ်တစ်)က သူ့(ပိုင်မု)ရဲ့ဘေးမှာ အမြဲတိတ်တဆိတ်ရပ်နေခဲ့တာ။သူအကူအညီလိုအပ်တဲ့အခါ ဒါမှမဟုတ် တစ်စုံတစ်ခုလုပ်တဲ့အခါ သူ(ခဲယ်လ်တစ်)က သူ့ကို အချိန်မှီကူညီလိမ့်မယ်။ပြင်းထန်ပြီး လေးလံတဲ့အလုပ်တွေအားလုံးကနေ ကာကွယ်ခံလိုက်ရလိမ့်မယ်။အတူရှိခဲ့တဲ့အချိန်က မကြာသေးပေမယ့်လည်း ဒါက လူတွေကို  စိတ်အေး‌ချမ်းငြိမ်သက်စေတဲ့ခံစားမှုကို ပေးတယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now