Chapter 19.2

4.9K 872 4
                                    

(Unicode)

နေ့လည်ခင်းကျတော့ လိန်းကျယ်က အန်းချီလော့ဆီကို သစ်သီးနဲ့မြေခွေးသားရေကို လာပေးတယ်။မြေခွေးသားမွေးက နူးညံ့ချောမွေ့ပြီး သူ့ရဲ့တောက်ပတဲ့အရောင်က မိန်းမပျိုတွေကြားမှာ ကျော်ကြားတယ်။ဒါပေမယ့် မြေခွေးက ဉာဏ်နီဉာဏ်နက်များပြီး ဖမ်းရခက်တာကြောင့် သူ့ရဲ့သားမွေးကလည်းပဲ အရမ်းအဖိုးတန်တယ်။လိန်းကျယ်က အန်းချီလော့ကို စိတ်ကျေနပ်စေဖို့ အချိန်အကြာကြီးယူခဲ့ရပြီး နောက်ဆုံးတော့ သူက တစ်ကောင်ဖမ်းမိခဲ့တယ်။

အန်းချီလော့က မီးလျှံရောင်တောက်နေတဲ့မြေခွေးသားရေကို အရမ်းသဘောကျတယ်။သူက ရှက်သွေးဖြာသွားပြီး ပိုင်မုက သူတို့ကို အာရုံမစိုက်နေတဲ့အချိန်မှာ လိန်းကျယ်ရဲ့ပါးပေါ်ကို နမ်းလိုက်တယ်။လိန်းကျယ်က ပေါတောတောနဲ့ပြုံးလိုက်ပြီး  လုထန်ကိုရှာဖို့ အန်းချီလော့စီစဉ်ပေးတာခံလိုက်ရတယ်။

လိန်းကျယ်က အန်းချီလော့ကို ကလေးဘ၀တည်းက ကြိုက်ခဲ့တ။။သူ(အန်းချီလော့)က လှပပြီးတော့ အပြုအမူကောင်းမွန်တယ်။သူ(လိန်းကျယ်)နဲ့ခဲယ်လ်တစ်က သူငယ်ချင်းတွေဖြစ်ပြီး အိန်ဂျလိုထက် ပိုအသက်ကြီးပေမယ့် သူ(လိန်းကျယ်)က ကြိုးစားချင်နေတုန်းပဲ။ဒါကြောင့် သူ(လိန်းကျယ်)က သူ့(အန်းချီလော့)နားမှာပဲ လှည့်ပတ်နေပြီး တခါတလေ ခဲယ်လ်တစ် အရမ်းအလုပ်များတဲ့အခါ သူ့(အန်းချီလော့)ကို ဂရုစိုက်ပေးတယ်။နောက်ဆုံးမှာတော့ အန်းချီလော့က သူ့ကို လွန်ခဲ့တဲ့တစ်နှစ်က လက်ခံခဲ့တယ်။သူက အရမ်းအရပ်မြင့်ပြီး ရုပ်ရည်ကြည့်မကောင်းတာကြောင့် သူ့(အန်းချီလော့)ကို အကောင်းမွန်ဆုံးအရာအားလုံးကို ပေးဖို့ မစောင့်နိုင်တော့ဘူး။

သူက အန်းချီလော့ကို တတ်နိုင်ရင် တကယ်ကို မြန်မြန်လက်ထပ်ချင်ပေမယ့် သူ(အန်းချီလော့)က အရမ်းငယ်သေးပြီး အန်းချီလော့အရွယ်ရောက်လာဖို့ သူက သုံးနှစ်လောက်စောင့်ဆိုင်းရမယ်။အချိန်ကျလာတဲ့အခါ သူက သူ့(အန်းချီလော့)ကို ဂရုစိုက်ပေးပြီး သူ့(အန်းချီလော့)ကို ပျော်ရွှင်အောင် လုပ်ပေးရမယ်။

နောက်ရက်အနည်းငယ်မှာ ပိုင်မုက အိမ်မှာပဲနေပြီး နောက်ကျောလွယ်အိတ်ရက်တာ လေ့လာဖို့ နေတိုင်းဂူထဲမှာပဲ နေ,နေခဲ့တယ်။ဆဲလ်က သူအချိန်ရတဲ့အခါ သူ့(ပိုင်မု)နဲ့အတူ နေလိမ့်မယ်။အပြာရောင်သစ်သားအမြှောင်းတွေကို ကိုင်ပြီး ပိုင်မုလိုမျိုး ရက်လုပ်ဖို့ သင်ယူလိမ့်မယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now