Chapter 20.1

5K 830 10
                                    

(Unicode)

ပိုင်မုက ကောင်း‌ကောင်းရက်လုပ်ထားပေမယ့် သိပ်မလှပတဲ့နောက်ကျောလွယ်ခြင်းတောင်းလေးကို ပြီးမြောက်အောင်မြင်သွားတဲ့စိတ်ခံစားချက်နဲ့အတူ ကိုင်ထားခဲ့တယ်။မမျှော်လင့်ထားစွာနဲ့ သူက ခြင်းတောင်းကို အချိန်တိုလေးအတွင်း အပြီးသတ်နိုင်ခဲ့တယ်။နောက်ဆို ကြိုးနှစ်ချောင်းထပ်ထည့်လိုက်ရုံပဲဖြစ်ပြီး အစိမ်းရောင်စပျစ်နွယ်က အဆင်သင့်ရှိတယ်။

ပိုင်မုက အစိမ်းရောင်စပျစ်နွယ်ကို လက်ညိုးလေးတစ်ချောင်းနဲ့ ကြိုးထူထူတစ်ချောင်းဖြစ်အောင် ရစ်လိုက်ပြီး ထို့နောက် တခုထဲဖြစ်အောင် နည်းနည်းပိုပြီးချည်နှောင်လိုက်တယ်။၎င်းကိုခိုင်အောင်ချည်ပြီးနောက် နောက်ကျောလွယ်ခြင်းတောင်းပေါ်တပ်ဆင်လိုက်ပြီး ပုခုံးနေရာတွေကတော့ နူးညံ့တဲ့တိရိစ္ဆာန်သားရေကိုချုပ်ဖို့ အန်းချီလော့ကို ခွင့်ပြုထားခဲ့တယ်။နောက်ကျောလွယ်ခြင်းတောင်းနှစ်လုံးက မကြာခင် ပြီးသွားခဲ့တယ်။

အန်းချီလော့က ပျော်ရွှင်စွာနဲ့ ၎င်းကို ကောက်ယူလိုက်ပြီး သူ့ကျောမှာလွယ်ဖို့ကြိုးစားကြည့်ခဲ့တယ်။အဲ့ဒါက တော်တော်လေးလှတယ်လို့ သူထင်တယ်။အစာစုဆောင်းဖို့ သူအပြင်ထွက်တဲ့အခါကျရင် အစားအစာပိုပြီး ယူလာနိုင်ပြီ။နီရှိဇ၀က သူ့ကို အားကျစွာနဲ့ကြည့်လိုက်တယ်။သူလည်းပဲ တစ်ခုလိုချင်တယ်လေ။

"အစ်ကိုကြီးပိုင် ကျွန်တော့်ကိုလည်းပဲ နောက်ကျောလွယ်ခြင်းတောင်းထိုးတာ သင်ပေးလို့ရမလား"အန်းချီလော့က ‌နောက်ကျောလွယ်ခြင်းတောင်းကို အောက်ချလိုက်ပြီး ပိုင်မုကိုကြည့်ကာ ပြောခဲ့တယ်။

"ကျွန်တော်လည်း အတူတူသင်လို့ရနိုင်မလား"နီရှိဇ၀ကလည်းပဲ ပိုင်မုကို စိတ်အားထက်သန်စွာ ကြည့်ခဲ့တယ်။

"ရတာပေါ့ အစာစုဆောင်းတာကနေ အစ်ကိုတို့ပြန်လာတဲ့အချိန်ဖြစ်တဲ့ မနက်ဖြန်မတိုင်ခင်ထိ စောင့်ရအောင်"ပိုင်မုက ဘုရားကျောင်းအဖွဲ့၀င်နှစ်ယောက်ကို  အဲ့ဒီအချိန်ကျရင် သူတို့ကို တခြားသူတွေကို ပြန်သင်စေလိုက်မယ်လို့ တွေးခဲ့တယ်။သူက လယ်လုပ်ဖို့ အချိန်လုပ်ခဲ့တယ်။ပိုင်မုရဲ့သဘောတူညီချက်ကို မြင်တဲ့အခါ ငယ်ရွယ်တဲ့ကောင်လေးနှစ်ယောက်က ပျော်ရွှင်စွာနဲ့ ခြင်းတောင်းကိုယူပြီး စကားစပြောကာ ဆွေးနွေးကြတော့တယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now