Chapter 22.1

4.7K 802 4
                                    

(Unicode)

ခြင်္သေ့ငယ်လေးနှစ်ကောင်က ပစ်မှတ်ကို နီးနီးကပ်ကပ်ကြည့်နေကြပြီး အလျင်အမြန်တိုက်ခိုက်ဖို့ မှန်ကန်တဲ့အချိန်ကို မြင်ခဲ့ကြတယ်။တပေါနဲ့အတူပါလာတဲ့ ခြင်္သေ့ငယ်လေးဘတ်ထလေက အရွယ်ပိုပြီးကြီးမားတာကြောင့် ဦးချိုပါသမင်ကို မြေပြင်ပေါ် ပစ်ပေါက်လိုက်ပြီး တပေါက အလျင်အမြန် ၎င်းရဲ့လည်ပင်းကို ကိုက်လိုက်တယ်။

ခြင်္သေ့ငယ်လေးရဲ့အမဲလိုက်ခြင်းက အောင်မြင်ခဲ့ပြီး ခဲယ်လ်တစ်က သူတို့ကို(အမဲလိုက်ခြင်းအောင်မြင်ကြောင်း) အတည်ပြုပေးလိုက်တဲ့အခါ ကောင်ငယ်လေးနှစ်ယောက်က ပျော်ရွှင်သွားကြပြီး နောက်တကြိမ်ကျရင် ပိုပြီးစွမ်းအားကြီးတဲ့သားကောင်ကိုတောင် ဖမ်းနိုင်လိမ့်မယ်လို့ အော်ဟစ်လိုက်ကြတယ်။ဒီတကြိမ်ကျတော့ သူတို့*အလွှမ်းမိုးခံရမှာကို ခဲယ်လ်တစ်က စပြီးစိတ်ပူလာခဲ့တယ်။(*စွမ်းအားကြီးတဲ့‌သားကောင်ကိုဖမ်းမယ်ဆိုတဲ့အတွေး)

သိပ်မကြာခင် နေ့လည်စာစားဖို့အချိန် ရောက်လာပြီး ပိုင်မုရဲ့အစာအိမ်က အသံမြည်လာတယ်။ခဲယ်လ်တစ်က ခြင်္သေ့ပေါက်နဲ့အတူ အနံ့နောက်ကိုလိုက်ပြီး သားကောင်ကို ရှာတွေ့ခဲ့တယ်။သူက ဦးချိုပါသမင်ကို နေ့လည်စာအတွက် ချန်ထားလိုက်ပြီး ထို့နောက် တခြားသားကောင်ကိုပဲ ယူသွားခဲ့တယ်။မျိုးနွယ်စုခေါင်းဆောင်ဆီ သူပို့ချင်တဲ့သားကောင်က orcsနောက်ကိုမလိုက်တဲ့ တခြားမိန်းမပျိုတွေနဲ့အတူ မျှဝေဖို့ဖြစ်တယ်။

လိန်းကျယ်က သမင်အသားကို ဖျက်လိုက်ပြီး အန်းချီလော့က မီးစ‌ထည့်ဖို့ မီးခတ်ကျောက်ကို ယူထုတ်လိုက်တယ်။ပိုင်မုက ကျောပိုးအိတ်မှာ စုဆောင်းထားတဲ့ သူအရင်ကတခါမှမမြင်ဖူးတဲ့ အစားအစာတွေကို မျိုးတူခွဲထုတ်လိုက်တယ်။သူတို့က ချိုတဲ့သစ်သီးတွေနဲ့ ကြွပ်ပြီးလတ်ဆတ်တဲ့သစ်သီး
တွေလို သစ်သီးအချို့ကိုလည်း ကောက်လာခဲ့တယ်။သူတို့နှစ်ယောက်ရဲ့ နောက်ကျောလွယ်ခြင်းတောင်းက ပြည့်လုနီးပါးဖြစ်နေပြီး သူတို့ကောက်လာနိုင်တဲ့အရာတွေက စုပြုံနေလိမ့်မယ်။

လိန်းကျယ်က အကိုင်းတုတ်တုတ်တွေနဲ့ စင်တစ်ခုဆောက်လိုက်ပြီး ဦးချိုပါသမင်တစ်ကောင်လုံးကို မီးပေါ်မှာ ကင်လိုက်တယ်။လိန်းကျယ်က သမင်သားကင်ကို တဖက်လှန်လိုက်ပြီး အန်းချီလော့က သမင်အသားပေါ် ဆားတချို့ဖြူးလိုက်တယ်။နှစ်ယောက်သားက အသစ်စက်စက်လက်ထပ်ထားတဲ့အတွဲလိုမျိုး တစ်ယောက်နဲ့တစ်ယောက်ပြောစရာမလိုပဲ နားလည်မှုရှိရှိနဲ့ အတူတကွ အလုပ်,လုပ်လိုက်ကြတယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now