Chapter 23.2

4.5K 867 13
                                    

(Unicode)

"ကျွန်တော်ပြန်သွားချင်ရင်တောင် အခု ပြန်မသွားနိုင်ပါဘူး ခဲယ်လ်တစ် ခင်ဗျားက ကျွန်တော်ပထမဆုံးတွေ့ခဲ့တဲ့လူ ဖြစ်ရင် ကောင်းမှာပဲ"ပိုင်မုက သက်ပြင်းချလုနီးပါးပဲ။

"အရမ်းနောက်မကျသေးပါဘူး ကိုယ်က စကားပြောတာမှာ အရမ်းမကောင်းဘူး ဒါပေမယ့် မင်းပျော်ရွှင်အောင် လုပ်ပေးဖို့ ကိုယ်အကောင်းဆုံးလုပ်မှာ"ခဲယ်လ်တစ်က အရမ်းကိုလေးနက်စွာနဲ့ ယုံကြည်လောက်အောင်ပြောခဲ့တယ်။

"ခင်ဗျားအပေါ်မှာ ကောက်းမွန်တဲ့ထင်မြင်ချက်ရှိတယ်ဆိုတာ ကျွန်တော်မငြင်းပါဘူး ဒါပေမယ့် ကျွန်တော် အတိတ်ကို မမေ့နိုင်ဖြစ်နေတုန်းပဲ"ပိုင်မုရဲ့နှလုံးသားလေးက လှုပ်ယမ်းနေတယ်။သူ ကြိုးစားကြည့်ချင်တယ်။ဒီလူက သူ အတိတ်ကိုမေ့အောင်  လုပ်စေနိုင်လောက်မလား။

"အဆင်ပြေပါတယ် ကိုယ်စောင့်နိုင်တယ် မင်းအတိတ်ကို မေ့သွားတဲ့ထိ ကိုယ်မင်းနဲ့အတူ ရှိနေပေးမယ်"ခဲယ်လ်တစ်ရဲ့အသံက မယိမ်းယိုင်မှုတွေကို ထုတ်ဖော်ပြောနေခဲ့တယ်။

"ဒါဆို ခင်ဗျား ကျွန်တော့်ကို အချိန်ပေးပါ ကျွန်တော်ကြိုးစားလိုစိတ်ရှိတယ်"သူ့ကို ဂရုစိုက်ပေးပြီး ဖြစ်နိုင်သမျှနည်းလမ်းတိုင်းနဲ့ ဂရုစိုက်ပေးတဲ့ လူအတွက် အရိပ်ထဲကနေ ထွက်ဖို့ ပိုင်မုကြိုးစားကြည့်ဖို့ လိုလိုလားလားရှိပါတယ်။

ပိုင်မုက သူ့ကိုယ်သူလက်ခံဖို့ ကြိုးစားချင်တယ်။ခဲယ်လ်တစ်က သူ့နှလုံးသားထဲက အပီတိဖြစ်နေပြီး သူ့(ပိုင်မု)ကို ချီကာ နှစ်ခေါက်လောက် နမ်းလိုက်ချင်ပေမယ့် သူ့(ပိုင်မု)ကို ကြောက်အောင်လုပ်မိသွားမှာကို စိုးရွံ့နေခဲ့တယ်။

"ဒါဆို မင်းညကျရင် ပျောက်သွားဦးမှာလား"ပီတိဖြစ်ပြီးနောက် ပိုင်မုရဲ့ပျောက်သွားမှုကို တွေးမိပြီး ခဲယ်လ်တစ်က ချီတုံချတုံနဲ့ မေးမြန်းလိုက်တယ်။

ပိုင်မုက ခနလောက်စဉ်းစားခဲ့တယ်။ ခဲယ်လ်တစ်က ယုံကြည်စိတ်ချလို့ရလောက်တဲ့လူတစ်ယောက်ဖြစ်တယ်။ပြီးတော့ အနာဂတ်မှာ တောထဲက အစားအစာတွေကို ရှာဖွေဖို့ သူနဲ့အတူ လိုက်ပါရမယ်။ပြီးတော့ အနာဂတ်မှာ ပိုပြီးအဆင်ပြေလာစေဖို့ သူ့ကို နေရာလွတ်နဲ့ပတ်သက်ပြီး ပေးသိလိုက်မယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now