Chapter 25.2

4.5K 803 15
                                    

(Unicode)

ပြီးတော့  ရိုးရှင်းတဲ့ စိုက်ပျိုးရေးဗဟုသုတကို သူငယ်ငယ်က သူ့အဖွားအိမ်သွားတုန်းကသူသိခဲ့ပြီး စိုက်ကွင်းကိုသွားတဲ့အခါ အဖွားက ထားခဲ့လို့ မရေရာတဲ့ ထင်မြင်ချက်တွေနဲ့  လိုက်ခဲ့သေးတယ်။  ကံကောင်းထောက်မစွာနဲ့ နေရာလွတ်ထဲကအပင်တွေက အသက်ရှင်ကျန်ရစ်နေတယ်။  နောက်ဆုံးတကြိမ်တုန်းက  ဂေါ်ဖီစေ့တွေကို မြေကြီးပေါ်  တချက်လောက်ပဲ ကျဲခဲ့ပြီး ရက်အနည်းငယ်အတွင်းမှာပဲ  သူ ဂေါ်ဖီထုပ်တစ်ပုံကြီး ရိတ်သိမ်းခဲ့တယ်။  ဒီနည်းလမ်းသာမရှိခဲ့ရင် သူက အစေ့တွေအကုန်လုံးကို ပျက်စီးသွားစေနိုင်တယ်။

"မင်းရဲ့နေရာက အရမ်းကောင်းမှာပဲ ဟုတ်တယ်မလား" ပိုင်မုက သူနေတဲ့နေရာကို ပြောပြတဲ့အခါ ခဲလ်တစ်က ခဏရပ်လိုက်ပေမယ့် သူ ပြန်မသွားနိုင်ဘူးလို့ ပိုင်မုက ပြောတာကို တွေးပြီး ပေးပြောလိုက်တယ်။  သူက ပိုင်မုကို သိချင်ပြီး သူ့ရဲ့မူလနေရာက ဘယ်နဲ့တူလဲဆိုတာကိုလည်း သိချင်တယ်။

"ကျွန်တော်တို့ရဲ့အဲ့ဒီနေရာမှာ လူတွေ အများကြီး ရှိတယ် ၊ ဒါပေမယ့် လူတိုင်းက ကွဲပြားခြားနားကြတယ် သူတို့က တစ်နေရာ တည်းမှာ နေကြရင်တောင်မှ တယောက်နဲ့ တယောက် သူစိမ်းတွေပဲ ကျွန်တော်တို့စားတယ် ၊ သုံးတယ်၊ ပုံစံမျိုးစုံဝတ်ကြတယ် ၊ပြီးတော့ ကျွန်တော်တို့လိုအပ်သမျှအရာအားလုံးလည်းရှိတယ်"  ပိုင်မုက ကန်စွန်းဥကောက်ယူတာကို ရပ်လိုက်တယ်။  ကန်စွန်းဥရဲ့ သက်ရောက်မှုက အမှတ်တရတွေထဲကို ကျဆင်းစေတယ်။

"မင်းရဲ့နေရာမှာ လုံလုံလောက်လောက် မစားနိုင်ပဲ နွေးနွေးထွေးထွေးမဝတ်နိုင်တဲ့သူတွေ ဘယ်သူမှ ရှိမှာမဟုတ်ဘူးပေါ့"ခဲယ်လ်တစ်က ပိုင်မုကို ကြည့်လိုက်တယ်။ သူ(ပိုင်မု)က ပြန်သွားချင်နေတုန်းပဲ မဟုတ်လား ။  နောက်ဆုံးတော့ အဲ့ဒီမှာက သူ့အိမ်ရှိတယ်လေ။

“လူအများစုက လုံလုံလောက်လောက်စားနိုင်ပြီး  နွေးနွေးထွေးထွေး ၀တ်နိုင်ပေမယ့် မစားနိုင်ပဲ နွေးနွေးထွေးထွေးမ၀တ်နိုင်တဲ့ လူတချို့လည်း ရှိပါသေးတယ် ကျွန်တော်တို့နေရာက လူတွေကြားထဲမှာ ကွာဟချက်ကြီးကြီးမားမားရှိနေတယ် တစ်ချို့လူတွေက ကမ္ဘာကြီးရဲ့စား‌ကောင်းသောက်ဖွယ်တွေကို နေ့တိုင်းစားပြီး အသက်ရှင်နေထိုင်ကြတယ် လှပတဲ့အိမ် ၊ လှပတဲ့ အဝတ်အစားတွေ ဝတ်ဆင်ကြတယ် ဒါပေမယ့် တစ်ချို့လူ တွေက အစားအစာနဲ့ အဝတ်အစားတွေရှိဖို့ကတောင် ပြသနာတစ်ရပ်ဖြစ်နေတာ"ဒီရိုးရှင်းတဲ့orcမျိုးနွယ်စုနဲ့မတူဘူး။မျိုးနွယ်စုက မိသားစုကြီးတစ်ခုလိုပဲ။ဒီကလူတိုင်းက ကူညီကြပြီး တစ်ယောက်နဲ့တစ်ယောက် ထောက်ပံ့ပေးကြတယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now