Chapter 31.1

3.8K 698 7
                                    

(Unicode)

"အဆင်ပြေပါတယ် ဒါပေမယ့် ကျွန်တော်က သွေးနံ့ မခံနိုင်လို့" ပိုင်မုက နာနေတဲ့ ဗိုက်ကို တည်ငြိမ်အောင် အတတ်နိုင်ဆုံး ကြိုးစားခဲ့တယ်။  အကြိမ်ပေါင်းများစွာ ပလုတ်ကျင်းပြီးတာတောင် ရွံရှာဖွယ်ကောင်းတဲ့ အနံ့အသက်ကို ခံစားရဆဲဖြစ်တယ်။

ကြီးမြတ်တဲ့စုန်းမက ဆေးပန်းကန်နှစ်လုံးယူလာပြီး၊ တစ်လုံးက အယ်လီအတွက် နောက်တစ်လုံးက ပိုင်မုသောက်ဖို့ဖြစ်တယ်။  ထို့နောက် အစိမ်းရင့်ရောင်သန်းပြီး မမြင်နိုင်တဲ့ အရာအစုလိုက်ကို ထုတ်ယူလိုက်ကာ အယ်လီရဲ့ ဒဏ်ရာမှာ လိမ်းပေးခဲ့တယ်။

မနှစ်မြို့စရာကောင်းတဲ့ ဆေးပန်းကန်လုံးကို ကိုင်ထားရင်း နည်းနည်းငြိမ်သက်သွားတဲ့ ပိုင်မုရဲ့အန်ချင်တာက ပြန်ပေါ်လာပြန်တယ်။  ဒါပေမယ့် သူ့ရဲ့ကိုယ်ပိုင်ဘဝအတွက် ပိုင်မုက အသက်ရှူအောင့်လိုက်ပြီး မနှစ်မြို့စရာကောင်းတဲ့ ဆေးရည်တွေကို လောင်းချလိုက်တယ်။ သူ့ရဲ့ ထုံနေတဲ့ ပါးစပ်ထဲမှာ  ထူးဆန်းတဲ့အနံ့တစ်ခု ပျံ့နှံ့သွားပြီး ဂူရဲ့ ထောင့်စွန်းကို  ကူကယ်မဲ့စွာနဲ့ ပြေးမိသွားတယ်။ ဂူနံရံကိုကိုင်လိုက်ရင်း အော်ကလီဆန်လာခဲ့တယ်။

ခဲယ်လ်တစ်က သူ့ပါးစပ်ကို ဆေးဖို့ ရေတစ်ပန်းကန်ကို အလျင်အမြန်ယူလာပြီး သူ့နောက်ကျောကို ညင်သာစွာ ပုတ်လိုက်တယ် ။  ခဲယ်လ်တစ်က ပိုင်မုရဲ့မသက်မသာဖြစ်နေတဲ့သွင်ပြင်ကို ကြည့်ပြီး မလွယ်ကူဘူးလို့ ခံစားခဲ့ရတယ်။  ဒါပေမယ့် သူဘာမှ မလုပ်နိုင်ဘဲ ဘေးနားမှာပဲ စိုးရိမ်နေနိုင်တယ်။

  "ကြီးမြတ်တဲ့စုန်းမ အယ်လီဘယ်လိုနေ လဲ" တစ်ဖက်မှာတော့ ပိုင်မုရဲ့ နာကျင်နေ တဲ့ ပုံစံကိုမြင်သွားတဲ့ အေဘယ်က စုံစမ်းမေးမြန်းဖို့ ရှေ့ကို တိုးလာပြီး ဆေးတိုက်နေတဲ့ ကြီးမြတ်တဲ့စုန်းမကို တွေ့တဲ့အခါ စိုးရိမ်တကြီးနဲ့ မေးလိုက်တယ်။

" ငါတို့အိမ်က အယ်လီ အဆင်ပြေရဲ့လား" အယ်လီရဲ့ အမေက တာ့ဝူကို မျှော်လင့်နေတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်တယ်။  သူ့ပါတနာက လွန်ခဲ့တဲ့ နှစ်နှစ်က မတော်တဆမှုမှာ သေဆုံးသွားခဲ့ပြီး အယ်လီအတွက်သာမဟုတ်ပါက သူ့ပါတနာနောက်ကို လိုက်သွားမှာဖြစ်တယ်။  အခု အယ်လီက ဒီလိုဖြစ်နေတော့ သူ့နှလုံးသားလေးက ဓားနဲ့အထိုးခံထားရသလိုမျိုးဖြစ်နေပြီး အယ်လီသာ တစ်ခုခုဖြစ်ခဲ့ရင် သူတကယ်ကို အသက်ရှင်ရန် သတ္တိရှိမှာမဟုတ်ဘူး။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now