ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

4.4K 163 0
                                    

Chapter 1

"ဒါကမင်းငါ့အတွက်ရှာလာပေးတဲ့သရုပ်ဆောင်လေးပေါ့လေ..."

ပက်လက်ကုလားထိုင်ပေါ်မှာထိုင်နေသည့် လက်ထောက်ဒါရိုက်တာကမျက်လုံးတွေကိုမှေးကျဉ်းထားပြီး ရိုက်ကွင်းကိုအခေါ်လာခံရတဲ့ပန်းရောင်ဝတ်စုံနဲ့ကောင်မလေးကို ဝေဖန်ဆန်းစစ်သလိုကြည့်နေသည်။

ပန်းရောင်ကျောက်စိမ်းပန်းပုရုပ်နှင့်လူကြီးတစ်ယောက်က ခေါင်းပေါ်တွင်ချစ်စရာကောင်းလှသည့်အကောင်ပေါက်လေးနှစ်ကောင်နှင့် တည်တည်ငြိမ်ငြိမ်ရပ်နေ၏သူတို့က ငိုလည်းမငိုသလို ပြဿနာလည်းမရှာပေ။ သူတို့၏ရွှန်းလဲ့နေသောမျက်လုံးဝိုင်းဝိုင်းများက ကြည်လင်တောက်ပနေပြီး အလွန်နှစ်လိုဖွယ်ကောင်းသည့်ပုံပေါ်သည်။

ကောင်မလေး၏အသွင်အပြင်ကအပြစ်အနာအဆာကင်းပြီး ဇာတ်ကောင်၏လိုအပ်ချက်များနှင့် အပြည့်အဝကိုက်ညီမှုရှိသည်။

လက်ထောက်ဒါရိုက်တာ၏စိတ်ထဲတွင်အားရကျေနပ်သည့်အရိပ်ယောင်လေးတစ်ခုဖြတ်ပြေးသွားသည်။ သို့သော် အသေးအဖွဲကိစ္စများကိုရေးကြီးခွင်ကျယ်လုပ်ပြီး အပြစ်ရှာတတ်လွန်း သော ဒါရိုက်တာချန်း၏စရိုက်ကိုစဉ်းစားကြည့်မိတော့ သူနောက်ထပ်စကားတစ်ခွန်းလောက်ထပ်မေးလိုက်မိသည်: "....ရှောင်လီရေ ဒါနဲ့လေ ဒီကောင်မလေးရဲ့အငိုခန်းနဲ့ပတ်သတ်ပြီးရော ဘယ္လိုလဲ?"

ဤအရွယ်ကလေးများကလေ့ကျင့်ပေးရန်ခက်ခဲလှသည်။ သရုပ်ဆောင်ဖို့အတွက်ကလေးတစ်ယောက်ရှာသည့်အခါတိုင်း ရိုက်ကူးရေးအဖွဲ့သားများက ပြဿနာအများကြီးကြုံရတတ်သည်။ သရုပ်ဆောင်အငယ်လေးများက အခြေခံနှင့် အတွေ့အကြုံရှိမည်ဆိုလျှင် သူတို့ကိုကောင်းကောင်းလေ့ကျင့်ပေးမည်ပင်။

တစ်ယောက်ယောက်ကိုရှာရန်အတွက်တာဝန်ကျ သောလီဖူကွေ့က ကိုယ်ကိုအနည်းငယ်ကိုင်းညွှတ်လိုက်ကာ သေချာသည့်လေသံလေးနှင့်ပြော သည်: "ဒါရိုက်တာကြီး စိတ်မပူပါနဲ့ ၊ သူ(မ) ကကုဆွေ့ဆွေ့ပါ ၊ သူ(မ) ကမိန်းကလေးငယ်လေးတွေထဲမှာ အငိုခန်းရိုက်တာ အတော်ဆုံးပါ ၊ သူ(မ)ကလေးအဝတ်အစားကြော်ညာမော်ဒယ်ဖြစ်ကတည်းကကင်မရာကို ကောင်းကောင်းကိုင်တွယ်နိုင်တယ်လို့ပြောကြတယ် ၊ တစ်ခြားကလေးတွေထက် အများကြီးပိုတော်ပါတယ်"

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးDonde viven las historias. Descúbrelo ahora