ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

672 70 2
                                    

Chapter 112

"ရှန်ယွမ်...နင်ဘာတွေယူလာတာလဲ ငါအွန်လိုင်းပေါ်ကမှာထားတဲ့ ပစ္စည်းတွေရောက်လာတာလား"

ဖုန့်ယောင်ချင်းတံခါးဖွင့်လိုက်သည်နှင့် လက်ထောက်ရှန်ယွမ်က သေတ္တာဘူးများအား တနင့်တပိုးသယ်ထားသည်ကိုတွေ့လိုက်ရသည်။

"ဒါပေမဲ့...ငါမှတ်မိသလောက်တော့ ဒီတလော ပစ္စည်းအများကြီးမမှာထားမိပါဘူး"

များပြားလှသောပစ္စည်းအထုပ်အပိုးများကိုမြင်လိုက်ရသောကြောင့် ဖုန့်ယောင်ချင်းတွေဝေသွားကာ တစ်ကိုယ်တည်းရေရွတ်လိုက်မိသည်။

နွေဝင်ပြီဖြစ်သောကြောင့် ရာသီဥတုကတဖြေးဖြေးပိုပိုပူလာရာ ဤရက်ပိုင်းအတွင်း အိမ်ပြင်ထွက်ရန် ဖုန့်ယောင်ချင်းအလွန်ပျင်းရိနေမိသည်။ သစ်သီးဝလံများနှင့်စားသောက်ကုန်များမှလွဲ၍ ကျန်အသုံးအဆောင်ပစ္စည်းများကို အွန်လိုင်းရှော့ပင်းမှသာဝယ်ယူဖြစ်၏။

သို့သော် လတ်တလောတွင်သူမပစ္စည်းများများစားစားမဝယ်ယူဖြစ်ပေ။ ဆွေ့ဆွေ့အတွက် ကျောပိုးအိတ်တစ်လုံးနှင့်စာရေးကိရိယာအချို့သာဝယ်ပေးဖြစ်သည်။

ရှန်ယွမ်က ပြုံးရင်းပြန်ဖြေ၏။ "ဒါတွေအားလုံးက ဆွေ့ဆွေ့လေးရဲ့ပရိသတ်တွေက ဆွေ့ဆွေ့လေးကိုလက်ဆောင်ပေးထားကြတာလေ အေဂျင်စီလိပ်စာနဲ့ပေးလာတာအစ်မရဲ့ဒီနေ့ကျွန်မချင်ဖျော်ဖြေးရေးအေဂျင်စီကိုသွားတာ ဒီလက်ဆောင်တွေသွားယူဖို့လေ"

ဖုန့်ယောင်ချင်းမှာ ရှန်ယွမ်၏စကားကြောင့် အတော်လေးအံ့အားသင့်သွားမိသည်။

"ပရိသတ်တွေဆီက လက်ဆောင်တွေက ဒီလောက်များတာဖြစ်နိုင်ရဲ့လား..."

"ဒါတောင် ကားထဲမှာကျန်နေသေးတယ် ဆွေ့ဆွေ့က ပရိသတ်အင်အားတောင့်တယ်လေအစ်မရဲ့"

"လက်ဆောင်လား....ဘာလက်ဆောင်တွေလဲ သမီးအတွက်လားဟင်"

လက်ဆောင်ဟုကြားလိုက်သည်နှင့်‌ဆွေ့ဆွေ့တစ်ယောက် အိပ်ခန်းထဲမှ ချက်ချင်းပင် ကဆုန်ပေါက်ပြီးပြေးထွက်လာတော့၏။

"ဒါပေါ့...ဆွေ့ဆွေ့လေးရဲ့ပရိသတ်တွေက ဆွေ့ဆွေ့အတွက်ဆိုပြီး လက်ဆောင်တွေလာပေးထားကြတာ"

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now