ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

713 77 2
                                    

125
Zack Z.U.April 25, 2023
Chapter 125



လက်ထောက်မလေးရှန်ယွမ်ပြန်လာသည်အခါ ရုတ်တရက်ထငိုသော ဟယ့်ဝမ်ယို့ကြောင့်လန့်ဖြန့်သွားသည့် ရွှီယွင့်အာနှင့်ကျောင်းဟွေ့တို့မှာ စိတ်သက်သာရာရသွားဟန်ရှိသည်။ ရှန်ယွမ်ရောက်လာသည်နှင့် ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်ကြ၏။

ဆွေ့ဆွေ့အားအနိုင်ကျင့်သော ကလေးမလေးကို ရှန်ယွမ်ဘယ်လိုမှအလွှတ်မပေးနိုင်ပေ။ ခေါင်းရှောင်ကာထွက်သွားသည့်လင်းယိကို သူမတစ်ချက်လှမ်းကြည့်လိုက်မိသည်။ ထို့နောက် မျက်ရည်လည်ရွဲဖြစ်နေသော သူစိမ်းကလေးမလေးကို ခပ်စူးစူးစိုက်ကြည့်ကာပြောလိုက်သည်။

"နာမည်ကဟယ့်ဝမ်ယို့...ဟုတ်တယ်မလား...မင်းက ဒီရိုက်ကူးရေးအဖွဲ့ထဲကလည်းမဟုတ်ဘဲနဲ့ ဘာကိစ္စရိုက်ကွင်းထဲရောက်လာတာလဲ မဟုတ်တာလုပ်ဖို့မစဥ်းစားနဲ့နော် တစ်ခါတည်းရဲလက်အပ်ပစ်လိုက်မယ်...ဘာများမှတ်နေလဲ"

ဟယ့်ဝမ်ယို့က ရှန်ယွမ်ကိုမူ အနည်းငယ်လန့်နေပုံရသည်။

"ဒီရိုက်ကွင်းထဲကိုခိုးဝင်လာတာမဟုတ်ပါဘူး...မမလင်းယိနဲ့အတူတူဝင်လာတာပါ"

ရိုက်ကွင်းထဲသို့ရိုက်ကူးရေးဝန်ထမ်းများ သရုပ်ဆောင်များနှင့်လက်ထောက်များမှလွဲ၍အခြားသူများဝင်ခွင့်မရှိပေ။ ဟယ့်ဝမ်ယို့ကို လင်းယိက ရိုက်ကူးရေးဝန်ထမ်းများမသိအောင် တိတ်တဆိတ်ခေါ်လာခဲ့ပုံရသည်။

"ရှောင်ယို့ သူပြောတာကိုနားမထောင်နဲ့...ဒီလိုကိစ္စအသေးအဖွဲလေးကို ဘယ်ရဲမှလာမဖမ်းဘူး"

လင်းယိက ဟယ့်ဝမ်ယို့အားရှန်ယွမ်ကိုမကြောက်ရန်သတိပေးသည်။

"ရဲတွေက ဒီလိုကိစ္စအတွက်အရေးမယူရင်တောင် ရိုက်ကူးရေးဝန်ထမ်းတွေကအရေးယူမှာပဲ လင်းယိ နင်အပြင်လူကိုရိုက်ကွင်းထဲခေါ်လာတာသိသွားရင် နင်တို့နှစ်ယောက်လုံး ရိုက်ကူးရေးအဖွဲ့ကနေကန်ထုတ်ခံရမှာနော်"

ကျောင်းဟွေ့ကလည်း အကြောက်အလန့်မရှိသောလင်းယိကို အနည်းငယ်ဖြဲခြောက်လိုက်၏။

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now