ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

555 67 1
                                    

Chapter 139

အချိန်စက်ဝန်းက တရွေ့ရွေ့ကုန်ဆုံးသွားသည်။

သတိမထားမိလိုက်သည့်အချိန်တွင် ရွှေကြက်ဖရုပ်ရှင်ဆုပေးပွဲကြီး၏အကြိုဖွင့်ပွဲနေ့သို့ ရောက်လာခဲ့သည်။

ဆုပေးပွဲကျင်းပမည့်နေရာက အင်ပါယာမြို့တော်ထဲတွင်မဟုတ်ဘဲ Yမြို့တော်တွင်ဖြစ်သည်။ ထို့ကြောင့် ဆွေ့ဆွေ့က Yမြို့ရှိဟိုတယ်တွင် တစ်ရက်ကြို၍ တည်းခိုနေရ၏။

ဆွေ့ဆွေ့အနေနှင့် 'ကလေးငယ်နှင့်ခရီးသွားခြင်း' ရသစုံရှိုးရိုက်ကူးရေးကြောင့် ခရီးထွက်ရသည်မှလွဲ၍ အခြားကိုယ်ပိုင်အချိန်များတွင် ဤသို့ခရီးဝေးမထွက်ဖူးချေ။ ထို့ကြောင့် ယခုလို

ပွဲနေ့မတိုင်မီ Yမြို့သို့တစ်ရက်ကြို၍သွားရခြင်းကို ဆွေ့ဆွေ့တစ်ယောက် အလွန်စိတ်လှုပ်ရှားပျော်ရွှင်နေမိသည်။

"ဆွေ့ဆွေ့...မေမေတို့ကလေယာဥ်မထွက်ခင်တစ်နာရီလောက်ကြိုရောက်နေရင်ရပြီ အစောကြီးသွားစရာမလိုဘူးလေ"

"မေမေကလည်း...လေယာဥ်ပေါ်မှာအစားအသောက်တွေထားထားတဲ့နားနေခန်းကြီးရှိတယ် နောက်ကျမှရောက်သွားရင်

အရသာရှိတဲ့အစားအသောက်အကုန်လုံးကိုသူများကဦးသွားပြီး ဆွေ့ဆွေ့မစားရတော့ဘဲနေမှာပေါ့"

ဖုန့်ယောင်ချင်းမှာ သူမသမီး၏စကား

ကြောင့် ဆွံအသွားသည်။ မနက်အစောကြီးလေယာဥ်ကွင်းကိုသွားရန်တစ်ဂျီဂျီပူဆာနေသည်မှာ လက်စသတ်တော့အစားအသောက်များများစားချင်သည့်အကြောင်းရင်းကြောင့်ကိုး။

ဖုန့်ယောင်ချင်းက ပထမတန်းစားလေယာဥ်ကိုတစ်ခါမှမစီးဘူးခဲ့သောကြောင့် ပထမတန်းစားတွင်စီးနင်းလိုက်ပါလာသောခရီးသည်များအတွက် အစားအသောက်များကိုရိုးရိုးအတန်းမှစီးနင်းလိုက်ပါလာသည့်ခရီးသည်များထက် ပို၍ခမ်းခမ်းနားနားပြင်ဆင်ပေးထားမည်မှန်းမသိခဲ့ချေ။

ဖုန့်ယောင်ချင်းကဆွေ့ဆွေ့၏နူးညံ့ပျော့ပျောင်းသောဆံသားများကိုပွတ်သပ်ပေးရင်းပြန်ပြောလိုက်သည်။

"ဆွေ့ဆွေ့လေး...အစားတွေအများကြီးစားလို့မဖြစ်ဘူးနော် ပွဲနေ့ကျရင် သမီးဝတ်ရမဲ့ဂါဝန်လေးနဲ့မတော်ဘဲဖြစ်နေလိမ့်မယ်"

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now