ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

689 62 1
                                    

Chapter 107

"ဦးဦးလု...ပါပါးခဲ့က သမီးကိုသူနဲ့အတူခေါ်သွားမယ်လို့ ကတိပေးထားတယ်"

ပါပါးခဲ့ထံမှ သဘောတူထောက်ခံသည့်စကားကိုကြားလိုက်ပြီးနောက် ကုဆွေ့ဆွေ့က နံဘေးတွင်ရှိနေသော လုယွမ်ကျစ်ကိုသူမ၏မျက်လုံးရွဲကြီးများဖြင့် လှည့်ကြည့်လာသည်။

လုယွမ်ကျစ်လည်း သူ့ကိုအားကိုးတကြီးကြည့်နေသည့် ကလေးမလေးကိုမျက်နှာလွှဲခဲပစ်မလုပ်နိုင်သောကြောင့် အပြုံးလေးဖြင့်ပြန်ဖြေလိုက်ရ၏။

"ဟုတ်ပါပြီ...ဦးကသမီးကို နောက်ထပ်ဖိတ်စာတစ်စောင်ယူလာပေးပါ့မယ် စိတ်မပူပါနဲ့ အင်္ကျီလှလှလေးလည်းဝတ်ပေးဦးမှာ ဦးရဲ့မင်းသမီးလေးကို ပရိသတ်ရှေ့ထုတ်ကြွားရမှာပေါ့"

ဆွေ့ဆွေ့က အလှအပကြိုက်သောကလေးမလေးတစ်ယောက်ဖြစ်သည်ကို လုယွမ်ကျစ်ကောင်းကောင်းသိသည်။ ခဲ့ကျင်းယန်က ကလေးငယ်ကိုဂုဏ်ပြုစားပွဲသို့ခေါ်သွားမည်ဟု ကတိပေးထားသည်။ ထို့ကြောင့် လုယွမ်ကျစ်လည်း ဆွေ့ဆွေ့၏ပွဲတက်ဝတ်စုံအတွက်ကြိုတင်စဥ်းစားထားရမည်ဖြစ်၏။

ဆွေ့ဆွေ့က navf ဘရန်း၏ပြောရေးဆိုရေးရှိသူအဖြစ်ခန့်အပ်ထားခံရသူဖြစ်သည့်အတွက် သူမတက်ရောက်

မည့်ပွဲတိုင်းတွင် ထိုဘရန်းအမှတ်တံဆိပ်ကိုမလွဲမသွေဝတ်ဆင်ရမည်ဖြစ်သည်။

'တိမ်မြှုပ်နေသော' ရုပ်ရှင်ကား၏အောင်မြင်မှုနှင့်အတူ ကုဆွေ့ဆွေ့၏ နာမည်ဂုဏ်သတင်းကလည်း တစ်ရှိန်ထိုးနာမည်ကြီးလာသည်။ ထို့ကြောင့် ဖက်ရှင်ဘရန်းအတော်များများက ဆွေ့ဆွေ့နှင့်အတူအလုပ်တွဲလုပ်ရန် အပြိုင်အဆိုင်ဖြစ်နေကြသည်။

Navf အမှတ်တံဆိပ်နှင့်ဆွေ့ဆွေ့က သုံးနှစ်သက်တမ်းစာချုပ်ချုပ်ထားကြသည်။ နာမည်ကြီးအမှတ်တံဆိပ်တစ်ခုအနေနှင့် ဆွေ့ဆွေ့ကဲ့သို့တက်သစ်စကလေးသရုပ်ဆောင်တစ်ယောက်ကို

အမှတ်တံဆိပ်အတွက်တရားဝင်ကြော်ငြာသူတစ်ယောက်အဖြစ် ပထမဆုံးအကြိမ်ခန့်အပ်လိုက်ခြင်းဖြစ်သည်။

ဆွေ့ဆွေ့၏အနုပညာလမ်းကြောင်းအတွက် အကောင်းမွန်ဆုံးသောခြေလှမ်းသစ်တစ်ရပ်ကိုစတင်လိုက်ခြင်းဖြစ်၏။

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now