ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

514 58 0
                                    

Chapter 150

"ရှန်ယွမ်ရေ...ဒီနေ့လည်းဒုက္ခပေးမိပြန်ပြီ"

ယခုလေးတင်အိမ်သို့ကတိုက်ကရိုက်ပြန်လာသော ရှန်ယွမ်မှာ ဖုန့်ယောင်ချင်းအားကြည်လင်ရွှင်ပျသောအပြုံးဖြင့်ပြုံးပြကာ ပြန်ပြောလာ၏။

"မဟုတ်တာ...အစ်မဖုန့်ရယ် ဒါကျွန်မအလုပ်ပဲလေ ဒုက္ခပေးတာရယ်လို့မဟုတ်ပါဘူး"

နေ့တိုင်းနေ့တိုင်း ကြိုးကြိုးစားစား ဝီရိယရှိရှိနှင့်အလုပ်လုပ်တတ်သော ရှန်ယွမ်ကိုဖုန့်ယောင်ချင်းကြည့်နေမိသည်။ ဆွေ့ဆွေ့၏လက်ထောက်အဖြစ် ရှန်ယွမ်ကိုရွေးချယ်လိုက်ခြင်းက အမှန်ကန်ဆုံးသော ဆုံးဖြတ်ချက်တစ်ခုဖြစ်သည်။ နှစ်ကုန်ပိုင်းတွင် ရှန်ယွမ်ကိုလစာတိုးပေးရန် သူမတွေးမိသည်။

"ဒါဆိုရင်...အစ်မအရင်သွားတော့မယ်နော် ဆွေ့ဆွေ့လေးကိုစိတ်ချမယ်နော် သေချာဂရုစိုက်ပေးပါဦး"

"အစ်မစိတ်မပူပါနဲ့ ဆွေ့ဆွေ့ကိုကျွန်မသေသေချာချာဂရုစိုက်လိုက်ပါ့မယ်"

ရှန်ယွမ်လေးဖုန်းချပြီးဆိုဖာပေါ်တွင် တွေတွေလေးထိုင်နေသော ကလေးငယ်ကိုလှမ်းကြည့်လိုက်မိ၏။

"ဆွေ့ဆွေ့....ဘာတွေတွေးနေတာလဲ"

"ဖေဖေ့အကြောင်းစဉ်းစားနေတာပါ...မမရဲ့"

ကလေးငယ်က တိုးလျညင်သာစွာပြန်ဖြေလာသည်။

ကလေးငယ်၏စကားကြောင့်ရှန်ယွမ်အနည်းငယ်အံ့အားသင့်သွားသည်။ ဆွေ့ဆွေ့၏လက်ထောက်အဖြစ်စတာဝန်ယူရသည့်အချိန်မှယခုအထိကလေးငယ်က သူမအဖေအကြောင်းကို တစ်ကူးတစ်ကပြောသည်မျိုးမတွေ့ခဲ့ဖူးချေ။

ဆွေ့ဆွေ့၏ဖခင်ကိုသူမတစ်ခါမှမမြင်ဖူးသလို အစ်မဖုန့်ယောင်ချင်းကလည်း ထိုသူနှင့်ပတ်သတ်ပြီး တစ်ခွန်းတစ်လေမပြောဘူးပေ။ ကလေးငယ်၏ဖခင်က သူမငယ်စဥ်ကတည်းကကွယ်လွန်သွားပြီဖြစ်ကြောင်း နားစွန်နာဖျားကြားခဲ့ဖူးသည်။

"ဆွေ့ဆွေ့လေးရဲ့ဖေဖေက ဆွေ့ဆွေ့ကိုကောင်းကင်ကနေကြည့်ရှုစောင့်ရှောက်နေမှာပါ"

ရှန်ယွမ်လည်း ဤသို့သောအခြေအနေမျိုးနှင့်မရင်းနှီးလှသောကြောင့် ကလေးငယ်ကိုသူမတတ်သလောက်မှတ်သလောက်လေးနှစ်သိမ့်ပေးလိုက်သည်။

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးDonde viven las historias. Descúbrelo ahora