ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

657 67 0
                                    

Chapter 116

ရက်အနည်းငယ်ကြာအတူအလုပ်လုပ်ပြီးနောက် ချားလ်(စ်)ဂျော့ချ်က ကလေးသရုပ်ဆောင်ကုဆွေ့ဆွေ့ကို အလွန်သဘောကျသွားဟန်ရှိသည်။

သို့သော် ကုဆွေ့ဆွေ့ကမူ အနည်းငယ် အခက်အခဲဖြစ်နေပုံပင်။

ဒါရိုက်တာချားလ်(စ်)ဂျော့ချ်နှင့်စကားပြောပြီးနောက် မျက်နှာပျက်သွားသော ကလေးငယ်အား လုယွမ်ကျစ် စိုးရိမ်စွာဖြင့်မေးလိုက်သည်။ 

"ဆွေ့ဆွေ့လေး...ဘာဖြစ်လို့လဲဟင်"

ထိုသို့မေးလိုက်ကာမှ ကလေးငယ်က မှုန်ရီဖြိုးဖျသော အမူအရာဖြင့်ပြောလာ၏။

"ဦးဦးလု...ဒါရိုက်တာဦးလေးကြီးပြောတဲ့စကားကို သမီးဘယ်လိုမှနားမလည်နိုင်ဘူး...သမီးကအရမ်းတုံးအနေလို့လားဟင်"

လုယွမ်ကျစ်လည်း ပြုံးရင်းကလေးငယ်နားလည်အောင်ပြန်ဖြေလိုက်သည်။

"ဆွေ့ဆွေ့လေး...အခုအချိန်မှာ အဲ့ဒီဒါရိုက်တာဦးလေးကြီးပြောတာကိုနားမလည်သေးရင်လည်း ကိစ္စမရှိပါဘူး နောက်ကျရင်နားလည်နိုင်အောင်ကြိုးစားလို့ရတယ်လေ...မဟုတ်ဘူးလား"

"နောက်နှစ်ရက်နေရင် ဆွေ့ဆွေ့ကမူကြိုကျောင်းသွားတက်ရတော့မှာမလား မူကြိုကျောင်းကနေပြီးတော့မူလတန်းကျောင်း ပြီးတော့အလယ်တန်းကျောင်း ပြီးရင်အထက်တန်းကျောင်း အဲ့ကနေပြီးတော့မှတက္ကသိုလ်အထိတစ်ဆင့်ပြီးတစ်ဆင့်တက်သွားရမှာ...နောက်လာမဲ့ဆယ်နှစ်အတွင်းဆွေ့ဆွေ့ကပညာတွေအများကြီးသင်ရဦးမှာ အခုကြော်ငြာလာရိုက်ပေးသွားတဲ့ဦးလေးကြီးက အင်္ဂလိပ်ပြင်သစ်ကပြားလေ...အဲဒါကြောင့်သူကအင်္ဂလိပ်ရယ်ပြင်သစ်လိုရယ်ပဲပြောတတ်တယ် ဦးတို့ပြောနေတဲ့တရုတ်စကားနဲ့မတူတဲ့ဘာသာစကားတွေပေါ့ ဒါပေမဲ့သင်ရတာမခက်ပါဘူး...နောက်တစ်ခါသူနဲ့တွေ့ရင် ဆွေ့ဆွေ့နားလည်လာမှာပါ"

ဆွေ့ဆွေ့က လုယွမ်ကျစ်၏စကားကိုအာရုံစိုက်နားထောင်ပြီးနောက် သဘောပေါက်နားလည်သွားပုံရသည်။

"ဦးဦးလုပြောတာ တကယ်ပဲလားဟင် အဲ့ဘာသာစကားတွေကို ဆွေ့ဆွေ့တကယ်သင်လို့ရလား"

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now