ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

805 89 0
                                    

Chapter 23

ကလေးငယ်လေးကုဆွေ့ဆွေ့မှာ သူ(မ)၏ဘဝတွင်ပထမဆုံးအကြိမ် လေယာဉ်စီးဖူးခြင်းဖြစ်သောကြောင့် အရာရာတိုင်းကသစ်လွင်နေပြီးစိတ်ဝင်စားဖွယ်ကောင်းနေသည်။

မြို့တော်မှာ အိတ်ချ်မြို့သို့ရောက်ရန် သီးသန့်ဂျက်လေယာဉ်ကြီးက လေးနာရီခန့်ကြာမြင့်သည်။ ထို့အပြင် ခဲ့ကျင်းယန်တစ်ယောက် မနေ့ညက ညနက်မှအိပ်ရာဝင်ခဲ့သောကြောင့် ယနေ့တွင် ခေါင်းမထောင်နိုင်အောင် အလွန်ငိုက်နေသည်။ လေယာဉ်ပေါ်တက်ပြီး သူ့ထိုင်ခုံနေရာတွင်ထိုင်လိုက်သည်နှင့် မျက်စိအကာတပ်ကာဆက်အိပ်နေပြန်သည်။ လေယာဉ်စတင်ထွက်ခွာပြီး မကြာမီတွင် သူနှစ်နှစ်ခြိုက်ခြိုက်ပင် အိပ်မောကျသွားခဲ့သည်။ သူတစ်ရေးနိုးလာ

သည့်အချိန်တွင် နေ့လည်ဆယ့်နှစ်နာရီထိုးနေပြီဖြစ်ပြီး နောက်နာရီဝက်ခန့်တွင် သူတို့လေယာဉ်က အိတ်ချ်မြို့တော်လေဆိပ်ကိုဆိုက်တော့မည်ဖြစ်သည်။

သူအကျောဆန့်လိုက်ပြီး ဘေးခုံကိုလှမ်းကြည့်လိုက်ချိန်တွင် ကုဆွေ့ဆွေ့ကအိပ်မောကျနေသေးသည်ကို တွေ့လိုက်ရသည်။ မုန့်အလုခံရ

သည့်ကိစ္စကိုလုံးလုံးမေ့သွားပုံပင်။ ထိုင်ခုံပေါ်တွင် ပါးစပ်လေးဟပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေလေသည်။

အိပ်နေသည့်ပုံစံကိုက ကေလးလိုလို ခွေးလိုလိုဟုပင် ခဲ့ကျင်းယန်တွေးလိုက်မိသေးသည်။

မက်မွန်ပွင့်သဏ္႑ာန်မျက်ဝန်းလေးများနှင့် သူ့အားငေးကြည့်နေမည့် ကလေးမလေး၏ပုံစံကိုတွေးလိုက်မိရင်း ပါးဖောင်းဖောင်းလေးကိုသူ့လက်ဖြင့် ဆွဲညှစ်လိုက်မိသည်။ ကလေးငယ်၏ ပါးဖောင်းဖောင်းလေးများက ဂျယ်လီသဖွယ်နူးညံ့ပျော့ပြောင်းနေသည်။ တစ်ကြိမ်ထိလိုက်မိရုံနှင့်မလုံလောက်ပဲ ထိုပါးမို့မို့နှစ်ဖက်ကို သူ့လက်ညှိုးဖြင့် တိုးကနန်းဆိတ်ကနန်းလုပ်နေမိသည်။

သူပါးဖောင်းဖောင်းလေးကို ခိုးပြီးကိုင်နေတုန်း ကေလးမေလးက ကိုယ်လေးလှုပ်လာပြီး မျက်တောင်လေးများကလည်း အတောင်ပံဖြန့်ကာပျံသန်းတော့မည့် လိပ်ပြာတစ်ကောင်နှယ် တစ်ဖျပ်ဖျပ်ခတ်လာသည်။ ထိုကေလးမေလးကို သတိလက်လွတ်ကြည့်နေမိရင်း ခဲ့ကျင်းယန်အသိပြန်ဝင်လာသည်။

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now