ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

726 80 0
                                    

Chapter 88

"အစ်မဖူ...."။

ကုဆွေ့ဆွေ့လည်း လုချီပေးသည့်အကြံကိုလက်ခံလိုက်သည်။ ထို့နောက် ဖူရင်းယွီရောက်လာသောအခါ ပြေးဖက်ပြီးကပ်ချွဲတော့သည်။

ဖူရင်းယွီက အချွဲ့အနွဲ့များကိုကြိုက်တတ်သူမဟုတ်သော်လည်း ကလေးငယ်ဖြစ်နေသောကြောင့် ကွာခြားလှသည်။ ကလေးငယ်က သူ(မ)အားကပ်ချွဲနေသည်ကိုပင် ကျေနပ်နေမိသည်။

"မမဖူ....အဲဒီလူတွေကမမစိတ်ဆိုးအောင်လုပ်တာမလား"။ ကုဆွေ့ဆွေ့က သတိကြီးစွာဖြင့်မေးလာသည်။

ဖူရင်းယွီကပြုံးရင်းပြန်ပြောသည်။ "မဟုတ်တာ...မမစိတ်မဆိုးပါဘူး...သူတို့တွေကို အရေးမပါတဲ့လူတွေ...သူတို့ကိုအချိန်ပေးပြီးစိတ်ဆိုးနေရလောက်တဲ့အထိမတန်ပါဘူး"။

ကလေးငယ်ကြောင့် ဖူရင်းယွီ၏ဒေါသများပါးလုံး ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားသည်။ ဒါရိုက်တာချန်းကိုသာ သူ(မ)အနည်းငယ်အားနာနေမိသည်။ သတင်းစာရှင်းလင်းပွဲတွင် ပြဿနာမီးမွှေးရှာခဲ့သည့် သတင်းထောက်များကို ပြန်ပြီးလက်တုံ့ပြန်ကာဒေါသထွက်မနေသင့်ပေ။ သူ(မ)ဒေါသထွက်လေလေ စိတ်ရှုပ်လေလေ နောက်ကွယ်တွင်ကြိုးကိုင်ကြံစည်နေသူများက ပိုပျော်လေလေဖြစ်ပေလိမ့်မည်။

ကုဆွေ့ဆွေ့က ခြေဖျားလေးထောက်ကာ သူ(မ)၏ပါးကိုလှမ်းနမ်းပြီး နှုတ်ခမ်းဆူဆူထော်ထော်လေးကဖြင့်ဆက်ပြောလာသည်။ "မမစိတ်မဆိုးတော့ဘူးဆိုရင်...အဆင်ပြေသွားပါပြီလေ"။

ကလေးငယ်ကိုမတွေ့ရသည်မှာ အတော်အတန်ကြာပြီဖြစ်သောကြောင့် နားနေခန်းတွင်နှစ်ယောက်သား အချိန်အတော်ကြာကြာစကားပြောကြပြီးမှ ဖူရင်းယွီလည်း ကိုယ်စားလှယ်ဟောင်ဖုန်းကိုဖုန်းဆက်ကာ အွန်လိုင်းပေါ်တွင် ဖြစ်ပျက်နေသောအခြေအနေများကိုလှမ်းမေးလိုက်သည်။

သတင်းမီဒီယာသမားများက ဆောင်းပါးများကိုအလျင်အမြန်ပုံနှိပ်ထုတ်ဝေတတ်သည်။ အထူးသဖြင့် သတင်းစာရှင်းလင်းပွဲသို့ဖိတ်ခေါ်ထားသော သတင်းထောက်များမှာ ပွဲပြီးသည်နှင့်အပြိုင်အဆိုင်သတင်းရေးကြတော့သည်။

"တိမ်မြှုပ်နေသော" ရုပ်ရှင်ကားကြီး၏ရိုက်ကူးရေးအဖွဲ့တစ်ခုလုံးက ရုံးဝင်ငွေတွင် ယခင်အကောင်းဆုံးစံချိန်တင်ထားသော "ပျော်ရွှင်သောနေ့" ဟူသည့်ရုပ်ရှင်ကိုကျော်နိုင်မည်ဟု ယုံကြည်ချက်အပြည့်ရှိနေကြသည်။

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now