ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

708 73 1
                                    

Chapter 106

ပါပါရာဇီကင်မရာထဲမှထွက်လာသော မမ်မိုရီကတ်ကို ခဲ့ကျင်းယန်ရိုက်ချိုးပစ်လိုက်သည်။ ကောင်းမွန်နေသောစိတ်အခြေအနေက ပျက်စီးသွားပြီဖြစ်သောကြောင့် သူ့ဆံပင်များကိုစိတ်ရှုပ်စွာဖြင့်ဆွဲဖွလိုက်ကာ ဒေါသအလွန်ထွက်နေဟန်ရှိသည်။

သူစိမ်းလူဦးကြီးက ရုတ်တရက်ထွက်ခွာသွားသည်ကို ကုဆွေ့ဆွေ့မြင်လိုက်သည့်အခါ ခဲ့ကျင်းယန်၏ အင်္ကျီစကိုလှမ်းဆွဲပြီး ဇဝေဇဝါဖြစ်နေသည့် အမူအရာဖြင့်မေးလာ၏။

"ပါပါးခဲ့...အဲဒီဦးလေးကြီးက ဘာလာလုပ်တာလဲဟင်..

သမီးတို့ရဲ့ပရိသတ်လား"

ခဲ့ကျင်းယန်က ကလေးငယ်ကိုတစ်ချက်မျှကြည့်ပြီး တုံ့ဆိုင်းနေကာ တစ်ခုခုကိုတွေဝေနေပုံရပြီးလေးလေးပင်ပင်ပြန်ဖြေလာသည်။

"အဲဒီလူက ပါပါးတို့ရဲ့ပရိသတ်မဟုတ်ဘူး...ဒီတိုင်းသူစိမ်းတစ်ယောက်ပဲ"

ပါပါရာဇီများက အကျော်အမော်အနုပညာရှင်များနောက်သို့ ကင်မရာတစ်လုံးဖြင့်တကောက်ကောက်လိုက်နေတတ်သည်မှာ ထုံးစံပင်ဖြစ်သည်။ သို့သော် အနုပညာရှင်များ၏လျှို့ဝှက်ချက်တစ်ခုခုကို မှတ်တမ်းတင်မိလျှင် သတင်းမီဒီယာသမားများဆီသို့ပြန်ရောင်းတတ်ကြသည်။ သို့မဟုတ် အနုပညာရှင်များကို သူသိထားသောလျှို့ဝှက်ချက်များကို ပြည်သူလူထုထံသို့ဖွင့်ချလိုက်မည်ဟု အကြပ်ကိုင်ကာ ခြိမ်းခြောက်ပြီးငွေညှစ်တတ်ကြသည်။

ထိုသို့သောအခြေအနေမျိုးကို ခဲ့ကျင်းယန်ကိုယ်တိုင် အခေါက်ပေါင်းများစွာကြုံဖူးသည်။

လုယွမ်ကျစ်ကယ်၍သာ ဤနေ့ဤနေရာတွင်သူရပ်နေနိုင်ခြင်းဖြစ်သည်။

ပါပါရာဇီများက သူနောက်သို့တကောက်ကောက်လိုက်ပြီး ခိုးကြောင်ခိုးဝှက်နှင့်ဓာတ်ပုံများရိုက်ယူတတ်သည်။

နောက်ယောင်ခံလိုက်ပြီးစောင့်ကြည့်ခံရသည့်ခံစားချက်ကို သူအလွန်မုန်းသည်။ ပြည်သူလူထုကိုဖျော်ဖြေပေးရသော

အနုပညာရှင်တစ်ယောက်ဖြစ်သည့်တိုင် သာမာန်လူများကဲ့သို့ အနှောင့်အယှက်ကင်းသည့်သာမန်ဘဝတစ်ခုကို သူတောင့်တပါသည်။ သူ့ကိုယ်ပိုင်ဘဝအားဝင်ရောက်စွက်ဖက်သူတိုင်းကို တစ်စစီဖျက်စီးပစ်ချင်မိသည်မှာ သူ့စိတ်ရင်းအမှန်ပင်။

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now