ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

772 77 1
                                    

Chapter 100

သြဂုတ်လ နှစ်ရက်နေ့ နေ့လည်တစ်နာရီတွင် 'တိမ်မြှုပ်နေသော' ရုပ်ရှင်ကားကြီးကို တစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံကြီးများတွင်တရားဝင်ထုတ်လွှင့်ပြသသည််။

ထိုရုပ်ရှင်ကားကြီးကို ပွဲဦးထွက်စတင်ပြသသည့်ပွဲတွင် တစ်ကြိမ်ကြည့်ပြီးသားဖြစ်သော်လည်း မောင်နှမနှစ်ယောက် ရန်သူလက်မှလွှတ်အောင်ထွက်ပြေးသည့်ဇာတ်ဝင်ခန်းက ကျောက်ချီမင်း၏မျက်လုံးထဲမှမထွက်ပေ။

လုချီနှင့်ကုဆွေ့ဆွေ့တို့၏သရုပ်ဆောင်ကျွမ်းကျင်မှုမှာ မပြောပလောက်သော်လည်း ဇာတ်ကောင်၏စိတ်ခံစားချက်ကိုအပြည့်အဝသရုပ်ဖော်နိုင်မှုက ပရိသတ်များကိုသြချလောက်စေသော အချက်ဖြစ်သည်။

ထိုစဥ်က ရုပ်ရှင်ရုံတွင်ကျောက်ချီမင်းနှင့်အတွေးတူသည့် လူအများအပြားရှိမည်ကိုတပ်အပ်သိနိုင်၏။

အထူးသဖြင့်မူရင်းဝတ္ထုကိုဖတ်ထားသောသူများက ရုပ်ရှင်၏ရသကိုအပြည့်အဝခံစားနိုင်ကြသည်။ များသောအားဖြင့်ရုပ်ရှင်များက ဝတ္ထုနှင့်ကွာခြားတတ်ကြသော်လည်း ဤရုပ်ရှင်ကမူ ဝတ္ထုနှင့်မခြားမနားအောင် ဟာကွက်မရှိရိုက်ကူးတင်ဆက်ပြသသွားသည်။

ပွဲဦးထွက်ပြသသည့်နေ့တွင် တက်ရောက်လာကြသောသူများက ရုပ်ရှင်ကိုအလွန်အာရုံတစိုက်ကြည့်ရှုကြ၏။ အကြောင်းအမျိုးမျိုးကြောင့် ပွဲမတက်လိုက်ရသူများမှာ ဆိုရှယ်မီဒီယာများ သတင်းစာခေါင်းစီးပိုင်းများတွင်ဖော်ပြထားသော ကျွမ်းကျင်ရုပ်ရှင်ဝေဖန်ရေးသမားများ၏ သုံးသပ်ချက်နှင့်အမြင်ရှုထောင့်များကို လက်မလွှတ်တမ်းဖတ်ရှုကြသည်။

သို့သော် ယခုမူ ညဆယ့်နှစ်နာရီကျော်နေပြီဖြစ်သော်လည်း အင်တာနက်ပေါ်တွင် 'တိမ်မြှုပ်နေသော' ရုပ်ရှင်မှင့်ပတ်သတ်သည့် မည်သည့်သတင်းအချက်အလက်အသစ်မှ ရှိမနေပေ။ ဝေဖန်သူတို့၏ ထင်မြင်သုံးသပ်ချက်များကိုလည်း မတွေ့ရပေ။

ကျောက်ချီမင်းက ရုပ်ရှင်ရုံတွင် 'တိမ်မြှုပ်နေသော' ရုပ်ရှင်ကားကို နောက်တစ်ကြိမ်ပြန်ကြည့်နေဆဲဖြစ်သောကြောင့် ပရိသတ်များ၏သီးသန့်မက်ဆေ့ချ်များကို စာမပြန်နိုင်ချေ။ သို့သော် ကျောက်ချိီမင်းကဲ့သို့ နာမည်ကျော်ဝေဖန်ရေးသမားတစ်ဦးဖြစ်သည့် ကျန်းယိဝေ့မှာ ပရိသတ်များ၏အမေးစကားများကို ပြန်ဖြေပေးနေ၏။

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now