ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

511 60 0
                                    

Chapter 152

ဖုန့်ယောင်ချင်းတစ်ယောက် မနေ့တုန်းကကဲ့သို့ ပြန်လာချိန်နောက်မကျတော့ပေ။ အိမ်သို့စောစောပြန်ရောက်လာသည်။ ဈေးတွင်ဟင်းသီးဟင်းရွက်အချို့ကိုဝင်ဝယ်ပြီး ညစာအတွက် ဂဏန်းတိုဖူးစွပ်ပြုတ်ချက်လိုက်သည်။

ကုဆွေ့ဆွေ့ကအိမ်ပြန်ရောက်သည်နှင့် တံခါးဖွင့်ပြီး မီးဖိုခန်းထဲသို့ပြေးဝင်လာသည်။ ဟင်းရနံ့က သူမကိုအလွန်တရာမှဆွဲဆောင်နေ၏။

"မေမေရေ...သမီးပြန်လာပြီ"

ဆွေ့ဆွေတစ်ယောက် စိတ်လှုပ်ရှားစွာဖြင့်အော်ပြောလိုက်သည်။

ရှန်ယွမ်လည်း ဆွေ့ဆွေ့အားအဝတ်လဲရန်ကူညီပေးကာ မီးဖိုချောင်ထဲရှိဖုန့်ယောင်ချင်းအား ထပ်မံအသိပေးလိုက်သည်။

"အစ်မဖုန့်ရေ...ရှန်ယွမ်တို့ပြန်ရောက်ပြီနော်"

"မေမေ...ဘာလို့ဟင်းတွေအများကြီးချက်ထားတာလဲ"

ထမင်းစားပွဲပေါ်တွင် ဘုရင့်စားပွဲတော်သဖွယ်ဟင်းမျိုးစုံလင်စွာချထားသောကြောင့် ကုဆွေ့ဆွေ့လည်းအံ့သြတကြီးမေးလိုက်၏။

"ဒီနေ့ကိစ္စကောင်းလေးရှိလို့လေ...မေမေစိတ်ပျော်နေလို့ကွယ်"

ဖုန့်ယောင်ချင်းတစ်ယောက် ယနေ့မနက်တွင်ဆေးရုံသို့နောက်တစ်ကြိမ်ပြန်သွားရန်ဆုံးဖြတ်လိုက်သည်။

ထိုသူများကို အရှင်းခွင့်လွှတ်လိုက်ခြင်းမျိုးမဟုတ်သော်လည်း သေခါနီးလူနာတစ်ယောက်ကို ဖုန့်ယောင်ချင်းမျက်နှာလွှဲခဲပစ်မလုပ်နိုင်ပေ။

အတိတ်ကကိစ္စများကိုအတိတ်တွင်ထားခဲ့ပြီး ပစ္စုပ္ပန်နှင့်အနာဂတ်ကိုသာအာရုံပြုထားရန် သူမဆုံးဖြတ်လိုက်သည်။ ထိုသို့တွေးလိုက်သည်နှင့်တစ်ပြိုင်နက် ချုပ်နှောင်မွန်းကြပ်နေသောစိတ်အစုံတို့ ပြေလျော့သွားရသည်။

"မေမေ...သမီးဒီနေ့မမရှန်ယွမ်ရယ် သက်တော်စောင့်ဦးလေးရယ်နဲ့အတူတူ ပါပါးခဲ့အိမ်ကိုသွားခဲ့သေးတယ်"

ကုဆွေ့ဆွေ့တစ်ယောက် သူမ၏ဖုန်းကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်သည်။ ဖေဖေနှင့်တွဲရိုက်ထားသောပုံကို မေမေ့အားပြရန်အလွန်စိတ်စောနေမိ၏။

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now