ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

856 91 0
                                    

Chapter 11

တစ်စုံတစ်ယောက်မှရုတ်တရက်တွန်းလိုက်သောကြောင့် စုယွီချင်းတစ်ယောက် လဲကျမတတ်ဖြစ်သွားသည်။ နောက်သို့ယိမ်းထိုးသွားကာ မြဲမဲရပ်နိုင်အောင် နောက်ဆုံးတွင်စားပွဲခုံကို ကိုင်ထားလိုက်ရသည်။

သူ(မ)ခေါင်းမော့လိုက်ပြီး တံခါးပေါက်မှ အတွင်းသို့ယခုလေးတင်လမ်းလျှောက်ဝင်သွားသော ဖုန်းယောက်ချင်းကိုကြည့်ကာ သူ(မ)၏နှုတ်ခမ်းကိုတင်းတင်းကိုက်ဖိထားမိသည်။ ထို့နောက် ဒေါသအရိပ်အယောင်တစ်ခုက နက်ဆွေးသောမျက်ဝန်းတို့တွင် ဖြတ်ပြေးသွားသည်။

အချိန်တိုင်း ဤသို့ပင်ဖြစ်သည်။

သူ(မ)ကကုဆွေ့ဆွေ့အား အနိုင်ကျင့်နေသလိုပင်။ သိသိသာသာပင် သူ(မ)ကုဆွေ့ဆွေ့အား ဘာမှမလုပ်ခဲ့ချေ။

ဤရင်းနှီးနေသောမြင်ကွင်းကြောင့် စုယွီချင်း၏စိတ်ထဲတွင် ဒေါသများပြည့်လျှံလာမတတ်ပင်ဖြစ်နေသည်။

သူတို့သားအမိနှစ်ဦး အိမ်တော်ထဲသို့ ပထမဆုံးဝင်ရောက်လာချိန်တွင် သူ(မ)ကအလယ်တန်းကျောင်းသူအရွယ်သာရှိသေးသည်။ ထိုအချိန်ကလည်း တူညီသောအဖြစ်အပျက်မျိုး ဖြစ်ခဲ့ဖူးသည်။

ကုဆွေ့ဆွေ့ကအမြင့်တစ်နေရာတွင်ထားထားသော အရုပ်ကိုယူရင်း မြေပြင်ပေါ်သို့မတော်တဆပြုတ်ကျကာ ခေါင်းကွဲသွားသည်။ အခန်းထဲတွင် သူ(မ)နှင့်ကုဆွေ့ဆွေ့နှစ်ဦးသာရှိသည်။ ဆွေ့ဆွေ့ပြုတ်ကျသည်ကိုမြင်သောအခါ သူ(မ) အပြေးအလွှားသွားလိုက်သော်လည်း ဖုန်းယောက်ချင်းက သူ(မ)အားဘာမှမပြောပဲတွန်းထုတ်ပြီး ဆွေ့ဆွေ့နှင့်အတူဆက်ငိုနေတော့သည်။ ထိုမြင်ကွင်းက သူ(မ)အေဖအား အထင်လွဲမှားသွားစေခဲ့ပြီး သူနောက်တစ်ကြိမ်လက်ထပ်ထိမ်းမြားမည်ကို မကျေနပ်သောကြောင့် သူ(မ)ကအာရုံမစိုက်ပဲ ညီမဖြစ်သူအားမြေပြင်ပေါ်သို့တွန်းချလိုက်သည်ဟု ထင်မှတ်သွားတော့သည်။

အတိတ်တွင် ဤကဲ့သို့အဖြစ်အပျက်မျိုးတွေ့ကြုံလာရချိန်တွင် သူ(မ)စိတ်ထဲမှားနေသလိုခံစားခဲ့ရမိသည်။ သူ(မ)အေဖက သူ(မ)အားအထင်လွဲနေသည်ကို ခံစားမိသည်။ ဤပြဿနာက တစ်ကယ်တမ်းတွင် အခြားသူများကြောင့်ဖြစ်လာခဲ့သည်ကို သူ(မ)မည်သည့်အခါမှ မစဉ်းစားမိခဲ့ပေ။ သို့သော်ထိုသားအမိနှစ်ဦး၏ သရုပ်မှန်ကိုသိလိုက်ရသောအခါ စုယွီချင်းနားလည်သွားသည်။ သူတို့က တမင်တကာလုပ်ခဲ့ခြင်းဖြစ်သည်။ သူ(မ)ကသာလျှင် တုံးအခဲ့ခြင်းဖြစ်ပြီး ချစ်ခြင်းမေတ္တာအတုအယောင်ဟူသောအရာကြောင့် စုံလုံးကန်းခဲ့သည်။ သူတို့သားအမိအား သူ(မ)၏ တစ်ကယ့်ညီမအရင်းသဖွယ် မိထွေးသဖွယ် သတ်မှတ်ခဲ့မိသည်။

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now