ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

666 66 1
                                    

Chapter 110

သူ့အားရုတ်တရက်ဆွဲကိုင်လာသည့် ထိုကောင်လေးကိုကြည့်ပြီး ခဲ့ကျင်းယန်၏စိတ်ထဲတွင်မကျေမချမ်းဖြစ်သွားရသည်။ သို့သော် သက်တော်စောင့်အုပ်စုကြီးရှေ့တွင်ဖြစ်သောကြောင့် ကောင်စုတ်လေးအားခါချရန်မလွယ်ကူနေပေ။

"မင်းပြောတော့ မင်းကိုလွှတ်ပေးပါဆို ငါအခုလွှတ်ပေးပြီလေ ဘာလို့ဒီမှာတွယ်ကပ်ပြီး နေနေသေးတာလဲ"

"ကျွန်တော်ဘယ်မှမသွားဘူး ခင်ဗျားလည်း ကျွန်တော့်ကို သူတို့လက်ထဲလွှဲပေးစရာမလိုဘူး ဒီကောင်တွေက ကလေးဖမ်းတဲ့လူဆိုးတွေဖြစ်နေရင် ဘယ်လိုလုပ်မလဲ ခင်ဗျားသူတို့အကြောင်း ဂဂဏဏသိလို့လား"

ချင်ဇီချန်းတစ်ယောက် ထိုသက်တော်စောင့်အုပ်ကြီးနှင့်အိမ်ပြန်မလိုက်ချင်သေးပေ။ အပြင်ထွက်ခွင့်ကြုံတုန်းကြုံခိုက် လွတ်လပ်မှုအရသာကိုတစ်ဝကြီးခံစားချင်သေး၏။

ခဲ့ကျင်းယန်လည်း ထိုကောင်စုတ်လေးအား နရင်းအုပ်ပစ်ချင်သည့်စိတ်ကိုမနည်းအောင့်အီးသည်းခံကာ သက်တောင့်စောင့်များကို ပုခုံးတွန့်ပြပြီးပြောလိုက်သည်။

"ခင်ဗျားတို့မြင်တဲ့အတိုင်းပဲ သူ့ကိုကျွန်တော်မသွားခိုင်းတာမဟုတ်ဘူး သူ့ဘာသာသူ ဒီမှာ အတင်းတွယ်ကပ်ပြီးနေနေတာနော်"

သက်တော်စောင့်ခေါင်းဆောင်လည်း သူတို့သခင်ငယ်လေးကို ပြန်ခေါ်လို့မရနိုင်မှန်း သဘောပေါက်သွားသဖြင့် ဘေးသို့လှည့်ကာဖုန်းခေါ်ဆိုလိုက်ပြီးမှ သူ့ကိုတလေးတစားတောင်းပန်စကားဆိုလာသည်။

"ကျွန်တော်တို့တောင်းပန်ပါတယ် သခင်လေးကြောင့် လူကြီးမင်းတို့ဒုက္ခများသွားရပါပြီ တစ်အောင့်လောက်ကြာမှပဲ သခင်လေးကိုပြန်လာခေါ်ပါ့မယ်"

သက်တော်စောင့်အုပ်စုထွက်သွားမှ ကလေးစုတ်လေးက ခဲ့ကျင်းယန်ဆီမှခွာတော့သည်။ ထိုအချိန်တွင် လုယွမ်ကျစ်က ပွဲတက်ရောက်လာသူများကို လိုက်လံနှုတ်ဆက်ပြီးနောက် ခဲ့ကျင်းယန်တို့ရှိရာသို့ရောက်လာသည်။ ဖြစ်စဥ်အစအဆုံးကိုလည်းမြင်လိုက်ရ၏။

"အစောက ကိစ္စအတွက်စိတ်မပူနဲ့ သူတို့လူသူတို့ရှင်းလိမ့်မယ်"

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now