ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

603 68 0
                                    

Chapter 131

ချင်မိသားစု၏ပုံစံအစစ်အမှန်ကိုသာသိလျှင် ဆွေ့ဆွေ့တစ်ယောက် ထိုနေရာသို့သွားရဲဦးမည်လား။

ကလေးများ၏အတွေးက အလွန်ရိုးစင်းကြောင်းကို ရှန်ယွမ်သိပါသည်။ သူတို့အပေါ် နည်းနည်းလောက်ကောင်းပြလိုက်ရုံနှင့် လူကောင်းဟုသတ်မှတ်ကာ လွယ်လွယ်ယုံကြည်အားကိုးလိုက်ကြသည်။ ကလေးအရွယ်ဖြစ်သောကြောင့် အပေါင်းအသင်းမက်ပြီး ကစားမက်ခြင်းမှလွဲ၍ အခြားဘာမှမသိချေ။

ချင်အိမ်တော်မှ အဖိုးတန်သားလေးဖြစ်သည့် ချင်ဇီချန်းကလည်း ဆွေ့ဆွေ့အနားတွယ်ကပ်နေသည်။ ထိုအိမ်သို့သွားလျှင် ဥက္ကဋ္ဌကြီးက ဆွေ့ဆွေ့အား သေချာပေါက်အမြင်ကြည်လိမ့်မည်မဟုတ်ပေ။

တစ်ဖက်မှလူများက ချင်ဇီချန်းနှင့်ဖုန်းပြောချင်သော်ငြားလည်း သူကိုယ်တိုင်ကအင်တင်တင်လုပ်နေသည်။ အိမ်တော်၏တင်းကြပ်လွန်းသော စည်းမျဥ်းစည်းကမ်းများကြောင့် ကောင်လေးကထွက်ပေါက်ရှာချင်နေပုံရသည်။

ထိုစဥ်ဥက္ကဋ္ဌရုံးခန်းမှဖုန်းနံပါတ်က ဝင်လာပြန်သည်။ တစ်ဖက်လူက ချင်ဇီချန်းနှင့်စကားပြောလိုသည်ဟုပြောလာ၏။

စိတ်ဆိုးနေပုံရသောသူဌေးလေးကိုကိုနှင့်ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေသောမမရှန်ယွမ်တို့ကိုဆွေ့ဆွေ့လှမ်းကြည့်ပြီးပြောလိုက်သည်။

"မမရှန်ယွမ်...အဲဒီဖုန်းကိုသမီးဖြေလိုက်မယ်...ကိုကိုကဖုန်းပြောချင်ပုံမရဘူး"

"သမီးက...ဖုန်းပြောမှာလား"

ဆွေ့ဆွေ့ကိုဥက္ကဋ္ဌ၏အတွင်းရေးမှူးဖြစ်သူနှင့်ဖုန်းပြောခိုင်းရန် ရှန်ယွမ်တစ်ခါမှမတွေးမိပေ။

လေးနှစ်အရွယ်သာသာကလေးလေးက ဘယ်ကနေများ သတ္တိတွေရလာပါလိမ့်။ သူမဝန်လေးနေသော်လည်း စိတ်အားထက်သန်နေပုံရသောကလေးကြောင့် မတတ်သာဘဲအင်တင်တင်နှင့်ဖုန်းကိုကလေးငယ်၏လက်ထဲထည့်ပေးလိုက်ရသည်။

"ဆွေ့ဆွေ့...သမီးဘာပြောရမှန်းမသိရင် ချင်ဇီချန်းကအခုစိတ်အခြေအနေမကောင်းလို့ ဖုန်းပြောဖို့အဆင်မပြေသေးဘူးလို့ပဲပြောလိုက်နော်"

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now