ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

790 92 0
                                    

Chapter 24

တစ်စစီစုတ်ပြတ်နေသော တဲအိမ်ရှေ့တွင်ရပ်နေရင်း ခဲ့ကျင်းယန် သူ့ဘဝကိုသံသယဝင်လာမိသည်။

သူတို့တည်းခိုရမည့်အိမ်နံပါတ်ငါး၏ ပတ်ပတ်လည်ကို အုတ်နီများဖြင့်ကာရံထားသော်လည်း အိမ်အမိုးမှာ ကောက်ရိုးအစစ်များဖြင့်မိုးထားသည်။ ကံကောင်းသည်က စီရွှမ်ရှေးမြို့ဟောင်းတွင် လွန်ခဲ့သည့်နှစ်ရက်လုံးလုံးမိုးမရွာခဲ့ခြင်းပင်။ သို့မဟုတ်လျှင် တစ်အိမ်လုံးစိုရွှဲနေပေလိမ့်မည်။

ဤဒေသတွင် ယခုကဲ့သို့သောအိမ်မျိုးရှိနေသည်မှာ အတော်အံ့အားသင့်စရာကောင်းသည်။

ကင်မရာများစွာက သူ့ကိုချိန်ရွယ်ပြီးရိုက်ကူးရေးလုပ်နေကြောင်း ခဲ့ကျင်းယန်သိသော်လည်း ဟန်ဆောင်ပန်ဆောင်ပင် မပြုံးနိုင်တော့ချေ။

ဤသို့သောစုတ်ပြတ်နေသည့်အိမ်မျိုးတွင် နေရမည်ကို အဘယ်သူကစိတ်ချမ်းသာပြီးရယ်ပြုံးနေနိုင်မည်နည်း။

သူနှင့်အတူလိုက်လာသော ကလေးငယ်ကုဆွေ့ဆွေ့လည်း ပုံမှန်နှင့်မတူပျက်ယွင်းနေသည့် အိမ်နံပါတ်ငါးကိုကြည့်ရင်း အံ့အားသင့်စွာနှင့်ပြောလာသည်။ "ဖေဖေခဲ့....သမီးတို့ရဲ့အိမ္က တအားကိုစုတ်ချာလွန်းနေတာပဲ"။

ထိုကလေးမလေးကြောင့် သူဂိမ်းရှုံးပြီး ဤအိမ်စုတ်အိမ်ပျက်တွင်နေရပေတော့မည်။ သို့သော် ထိုကလေးမကဘာမှမဖြစ်သလိုပင် စိတ်လှုပ်ရှားနေသေးသည်။

ခဲ့ကျင်းယန်လည်း မတတ်နိုင်သည့်အဆုံး ယခုလက်ရှိဖြစ်ပျက်နေသည့်အခြေအနေကို လက်ခံနိုင်ရန် ကြိုးစားလိုက်တော့သည်။

သို့သော် ထိုသို့ကြိုးစားနေစဉ်တွင် သတင်းဆိုးတစ်ခုမပြီးခင် နောက်ထပ်သတင်းဆိုးတစ်ခုက ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပြန်သည်။

ရိုက်ကူးရေးဝန်ထမ်းတစ်ဦးက ကတ်တစ်ခုကိုကိုင်ကာ သူတို့အရှေ့မှလျှောက်သွားပြီး ပြောလာသည်။ "ရိုက်ကူးရေးအဖွဲ့က.....လူကြီးမင်းတို့အတွက်....နေ့လည်စာပြင်ဆင်ပေးမှာမဟုတ်ပါဘူး.....စားချင်ရင် ကိုယ့်ဘာသာကိုယ်ချက်ပြုတ်ရပါမယ်....ဒီမွာ ရိုက်ကူးရေးအဖွဲ့က ပေးထားတဲ့စာရင်းပါ....လူကြီးမင်းတို့က လူနှစ်ယောက် ခြေသုံးချောင်းဂိမ်းမှာ နောက်ဆုံးဘိတ်ဖြစ်တဲ့အတွက်....အဲဒီစာရင်းမှာပါတဲ့ ဟင်းအမယ်တွေထဲက တစ်ခုပဲရွေးလို့ရပါမယ်"။

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now