ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

780 89 0
                                    

Chapter 55

"ညစာစားပွဲပေါ်မှာ...ကိုယ်မကြိုက်တဲ့ ဟင်းပွဲကိုတွေ့ရင် ဘာလုပ်မလဲ"။

ထိုစကား၏အဓိပ္ပါယ်ကိုနားလည်နိုင်အောင် ကုဆွေ့ဆွေ့အတတ်နိုင်ဆုံး ကြိုးစားနေသည်။

"ရပါတယ်....ကလေးလေး....ဖြေးဖြေးစဥ်းစားလို့ရတယ်နော်"။ တုံ့ဆိုင်းနေသော ကလေးမလေးကိုကြည့်ရင်း လက်ထောက်ဒါရိုက်တာကပြုံးပြီးပြောလိုက်သည်။

ကုဆွေ့ဆွေ့တစ်ယောက် မျက်မှောင်ကျုတ်ပြီးအသည်းအသန်စဥ်းစားနေသည်။ မိနစ်အနည်းငယ်ကြာအောင် စဥ်းစားပြီးနောက် အရှေ့တွင်ထိုင်နေသည့်ဒါရိုက်တာများကို အပြုံးချိုချိုဖြင့်ပြောလိုက်သည်။ "ဦးဦးတို့.....သမီး

စဥ်းစားပြီးသွားပါပြီ"။

ထိုချစ်စဖွယ်ကလေးမလေး၏အပြောကြောင့် မျက်နှာထားအမြဲတမ်းတည်နေတတ်သည့် လက်ထောက်ဒါရိုက်တာပင်လျှင် မနေနိုင်တော့ပဲ လေသံကိုအတတ်နိုင်ဆုံးညင်သာစွာ ပြောလိုက်သည်။ "သမီးအဆင်သင့်ဖြစ်ပြီဆိုရင်....စပြီးသရုပ်ဆောင်လို့ရပြီ"။

ရုပ်သံဇာတ်လမ်းတွဲတစ်ခုမှ ဇာတ်ဝင်ခန်းကို ကုဆွေ့ဆွေ့တွေးမိသွားသည်။ ထိုဇာတ်ဝင်ခန်းထဲကအတိုင်း တူကိုကိုင်မြှောက်ဟန်ပြုကာ သူ(မ)ရှေ့တွင်ရှိသော ပန်းကန်ခွက်ယောက်ထဲမှဟင်းများကို လွှင့်ပစ်ဟန်သရုပ်ဆောင်ပြလိုက်သည်။ ထို့နောက် အသံစူးစူးဖြင့်အော်ပြောလိုက်သည်။ "ဒီဟင်းတွေမစားချင်ဘူး...မေမေ....ဝက်နံရိုးဟင်းစားချင်တယ်လို့ ပြောထားတယ်လေ"။

ရိုးစင်းသည့်သရုပ်ဆောင်မှုတစ်ခုသာဖြစ်သော်လည်း မိသားစု၏အလိုလိုက်ခံရပြီး ဆိုးသွမ်းပျက်စီးနေသည့် ကလေးငယ်တစ်ဦး၏ဇာတ်သရုပ်ကို ပေါ်လွင်စေသည်။ အရွယ်ငယ်ငယ်လေးနှင့် ဤသို့သရုပ်ဆောင်နိုင်သည်မှာ အလွန်အံ့ချီးဖွယ်ကောင်းလှသည်။ နှစ်နာရီအကြာလူရွေးပွဲတစ်ခုလုံးတွင် ကုဆွေ့ဆွေ့က သူတို့အားရကျေနပ်မှုအရှိဆုံးကလေးမလေးဖြစ်သည်။

လက်ထောက်ဒါရိုက်တာနှစ်ဦးလည်း တစ်ယောက်နှင့်တစ်ယောက်ကြည့်လိုက်ကြသည်။ ကုဆွေ့ဆွေ့၏ သရုပ်ဆောင်မှုကို သူတို့အနေဖြင့် ကျေနပ်အားရသော်လည်းနောက်ဆုံး ဆုံးဖြတ်ချက်ကိုချရမည့်သူမှာ သူတို့မဟုတ်ပေ။ ဒါရိုက်တာလုကျင်းဟွီ၏ဆုံးဖြတ်ချက်က သူတို့ထက်ပိုအရေးပါသည်။

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now