ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

601 67 0
                                    

Chapter 126

ရယ်စရာအခြေအနေတစ်ခုအဆုံးသတ်သွားပြီးနောက် ရိုက်ကူးရေးအဖွဲ့ရှိသရုပ်ဆောင်များမှာ အဝတ်အစားလဲ မိတ်ကပ်ပြင်ပြီး ရိုက်ကူးရေးအတွက် အသင့်ဖြစ်နေကြသည်။

"အဲဒီအဝတ်အစားတွေက မလှဘူး...သမီးမကြိုက်ဘူး"

ဇာတ်စင်ပေါ်ရှိ သရုပ်ဆောင်များကိုကြည့်ရင်း ကုဆွေ့ဆွေ့ကအသံတိုးတိုးဖြင့်ပြောလာ၏။

ယခင်က ကုဆွေ့ဆွေ့သရုပ်ဆောင်ခဲ့သောဇာတ်ရုပ်များမှာ မင်းသမီးလင်းယာ ၊ ကုန်သည်သူဌေးသမီးစသည့်ဇာတ်ကောင်များဖြစ်သောကြောင့် သူမ၏အဝတ်အစားများမှာ တန်ဖိုးကြီးပြီးလှပသည်။

ကုဆွေ့ဆွေ့ကိုယ်တိုင်လည်း အပန်းရောင် ၊ အဝါရောင်ကဲ့သို့ အရောင်တောက်တောက်များကိုပို၍ သဘောကျသည်။ ဝတ်စုံပေါ်တွင် တလက်လက်တောက်နေသည့်စိန်ပွင့်လေးများထည့်ထားသည့်ပုံက ကုဆွေ့ဆွေ့ကအလွန်နှစ်ခြိုက်သောပုံစံမျိုးဖြစ်၏။

ထိုအခါ အဝတ်အစားပုံစံချေးမများတတ်သော ကျောင်းဟွေ့ကဝင်ပြောသည်။

"ဆွေ့ဆွေ့ရယ်...အဲဒီဘက်ခေတ်ကလူတွေက ဒီလိုအဝတ်အစားမျိုးတွေပဲဝတ်ကြတာလေ ဒီနေ့ခေတ်လို ဆွေ့ဆွေ့ကြိုက်တဲ့အဝတ်မျိုးတွေက အဲဒီခေတ်မှာမရှိသေးဘူးလေ"

ခေတ်ဟောင်းအဝတ်များကိုကြည့်ပြီးမျက်နှာပျက်နေသောဆွေ့ဆွေ့ကို ရွှီယွင်အာတစ်ယောက် မရယ်မိအောင်မနည်းအောင့်ထားရ၏။

"ဒါပေမဲ့...ဆွေ့ဆွေ့ကအရမ်းလှတော့ ဘာဝတ်ဝတ်လိုက်မှာပါ ရုပ်ဆိုးတဲ့အ၀တ်အစားဖြစ်နေရင်တောင် ဆွေ့ဆွေ့ဝတ်လိုက်ရင်လှသွားမှာ"

ထိုအခါမှ ဆွေ့ဆွေ့လည်း စိတ်သက်သာရာရသွားတော့သည်။

ပထမဆုံးဇာတ်ဝင်းခန်းရိုက်ကူးရာတွင် ဒါရိုက်တာလုကျန်းဟွေ၏ညွှန်ကြွားချက်အတိုင်း စီနီယာသရုပ်ဆောင်အကိုအမများကကြိုးကြိုးစားစားသရုပ်ဆောင်သွားကြသည်။ ဆွေ့ဆွေ့တို့ကလေးသုံးယောက်ကလည်း ဘေးမှနေ၍ စီနီယာကိုကိုမမများ၏သရုပ်ဆောင်မှုကိုလေ့လာသင်ယူနေမိသည်။

"ကတ်...အားလုံးပင်ပန်းသွားပါပြီ နောက်တစ်ခန်းရိုက်ဖို့ပြင်မယ် နောက်တစ်ခန်းရိုက်မဲ့သူတွေအားလုံးအဆင်သင့်ဖြစ်ပြီလား"

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now