ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

877 105 0
                                    

Chapter 15

ရိုက်ကွင်းအတွက်အစားအသောက်ဘူးများကို ရိုက်ကူးရေးအဖွဲ့သားများအား ညီတူမျှတူဝေပေးလိုက်သည်။ အရသာက သာမာန်ပဲဖြစ်သည်။ သို့သော်သူ(မ)ကို အစ္မဖူက အသိအမှတ်ပြုပေးသောကြောင့် သူ(မ)၏ဘဝအဆင့်အတန်းက တစ်ဟုန်ထိုးမြင့်တက်လာခဲ့သည်။ ဖူရင်းယွီ၏လက်ထောက်က အစားအသောက်ဝယ်ရန်အပြင်သွားတိုင်း ဆွေ့ဆွေ့အတွက်လည်းထပ်တူဝယ်လာပေးခဲ့သည်။

အထူးသဖြင့် ယနေ့နေ့လည်ခင်းတွင် နေ့လည်စာထမင်းဘူးထဲတွင် ကြက်ပေါင်ကြော်ကို ကုဆွေ့ဆွေ့တွေ့လိုက်သည်။

ပေါင်မုန့်သားအလွှာက ကြွပ်ရွနေသောရွှေရောင်အပြင်သားကို အုပ်ထားပေးသည်။ ဘူးဖွင့်လိုက်သည်နှင့် ကြက်ကြော်၏ တစ်မူထူးသော အနံ့လေးကို ချက်ချင်းရလိုက်သည်။

"ကျေးဇူးတင်ပါတယ် မမဖူ ၊ မမဖူက အရမ်းကြင်နာတတ်တာပဲ"။ ဆွေ့ဆွေ့က ကြက်ပေါင်ကြော်ကို အလွန်နှစ်သက်သည်။

ကုဆွေ့တွေ့က ကြက်ပေါင်ကြော်ကို လက်ဖြင့်လှမ်းယူလိုက်ပြီး အားရေက်နပ္စြာ တစ်ကိုက်ကိုက်လိုက်သည်။ ကြက်ကြော်၏အသားက နူးညံ့နေပြီး သူ(မ)၏ပါးစပ်ထဲတွင်လည်း အဆီများနှင့်ပြည့်နေသည်။ ချစ်စရာကောင်းလွန်းသောအလှလေးက အစားစားနေချိန်တွင် သူ(မ)၏ အနုပညာတစ်ယောက်ဟူသောဝန်ထုပ်ကြီးကို ခေတ္တမျှလွှတ်ချလိုက်သည်။ အနုပညာရှင်တစ်ဦး၏ပုံရိပ်စသော အရာများကိုလည်း အာရုံမစိုက်နိုင်တော့ချေ။

ဖူရင်းယွီက စက္ကူသုတ်ပဝါလေးကိုထုတ်လိုက်ပြီး ဆွေ့ဆွေ့၏ပါးစပ်အားသုတ်ပေးလိုက်ရင်း မနေနိုင်ပဲပြောလိုက်သည်။ "ဖြေးဖြေးစား ၊ ဘယ္သူမွလုမစားပါဘူး ၊ ဒါတွေအကုန်လုံးကိုမင်းဟာတွေပဲ"

ကလေးများအတွက်စားချင့်စဖွယ်ဖြစ်စေသော အဆီအနှစ်အစားအသောက်များနှင့်နှိုင်းယှဉ်လျှင် သူ(မ)၏နေ့လည်စာက ရိုးရှင်းပါသည်။ အရွက်သုပ်တစ်ပွဲသာဖြစ်သည်။

သူ(မ)ယခုလက်ရှိသရုပ်ဆောင်နေသော ဇာတ်ကောင်ကရုပ်ရှင်ထဲတွင် အမျိုးသမီးအနုပညာရှင်များ၏လိုအပ်ချက်များကို အလွန်အမင်းတင်းကြပ်ထားသော တရုတ်ရိုးရာပိုးသားကိုယ်ကြပ်ဝတ်စုံကို ဝတ်ရမည်ဖြစ်သည်။

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now