ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

627 63 0
                                    

Chapter 124

"တစ်ခုခုသောက်ချင်တာရှိလား...မမစတိုးဆိုင်ကိုသွားမလို့"

ကလေးသုံးယောက်က ခေါင်းချင်းဆိုင်ကာ မနားတမ်း တတွတ်တွတ်ပြောနေကြသောကြောင့် ရှန်ယွမ်လည်း မနေသာတော့သဖြင့်အသံပေးလိုက်ရသည်။ မဟုတ်လျှင် ဒီကလေးသုံးယောက်စလုံး ဒီနေ့တစ်နေကုန် စကားပြောလို့ပြီးတော့မည်မဟုတ်။

"မမရှန်ယွမ်...သမီးလိမ္မော်ရည်သောက်ချင်တယ်"

ကုဆွေ့ဆွေ့က သွားတန်းဖြူဖြူလေးများပေါ်သည်အထိပြုံးပြကာ ရှမ်ယွမ်အားပြောလာသည်။

ကျောင်းဟွေ့ကလည်း ဆွေ့ဆွေ့နည်းတူ ပြောလာပြန်၏။

"မမရှန်ယွမ်...သားလည်းလိမ္မော်ရည်သောက်ချင်တယ်"

"မမရှန်ယွမ်...သမီးကိုလည်းသူတို့နှစ်ယောက်အတိုင်းဝယ်ခဲ့ပေးပါ"

ရွှီယွင့်အာကလည်း ရှန်ယွမ်မသွားမီတွင် လှမ်းပြောလာသည်။

ထိုအချိန်တွင်ရိုက်ကူးရေးအဖွဲ့ကဆက်တင်များကိုတပ်ဆင်နေဆဲဖြစ်ပြီး ဝန်ထမ်းတော်တော်များကလည်းဟိုဟိုဒီဒီပြေးလွှားပြီးအလုပ်များနေကြသည်။ ဘာမှလုပ်စရာမရှိသောကြောင့် ဆွေ့ဆွေ့လည်းဖုန်းထုတ်ပြီး ရှီးရှီးလေး၏ပုံကိုကိုကျောင်းဟွေ့နှင့်မမယွင့်အာအားပြလိုက်သည်။

"ဟယ်...ခွေးလေးကချစ်ဖို့ကောင်းလိုက်တာ ကိုင်ကြည့်ချင်လိုက်တာနော်"

ရွှီယွင့်အာကရှီးရှီး၏ပုံကိုကြည့်ကာပြောလာသည်။

"မမယွင့်အာ...ရှီးရှီးကိုတွေ့ချင်တယ်ဆိုရင် နောက်တစ်ခေါက်ကျရင် ပါပါးခဲ့အိမ်ကိုဆွေ့ဆွေ့ခေါ်သွားပေးမယ် အဲဒီမှာရှီးရှီးကိုကြိုက်သလောက်ကြည့်လို့ရတယ်"

ကုဆွေ့ဆွေ့က ရက်ရောစွာဖြင့်ကမ်းလှမ်း၏။

ပါပါးခဲ့ဟူသောအသုံးအနှုန်းကိုကြားလိုက်ရသောကြောင့် ရွှီယွင့်အာတစ်ယောက်မျက်လုံးများပြူးကျယ်သွားသည်။ တစ်ခဏမျှမှင်သေသွားပြီးနောက် အသေအချာစဥ်းစားကြည့်လိုက်မှခဲ့ကျင်းယန်နှင့်ကုဆွေ့ဆွေ့က 'ကလေးငယ်နှင့်ခရီးသွားခြင်း' ရသစုံရှိုးတွင်သားအဖအဖြစ်ပါဝင်ရိုက်ကူးခဲ့ကြသည် မဟုတ်လား။ ထို့

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now