ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

510 61 1
                                    

Chapter 155

သူတို့သုံးယောက်အတူ အိမ်သို့ပြန်လာကြသည်။

အစပိုင်းတွင် ကုဆွေ့ဆွေ့မှာ အနည်းငယ်ရှက်ကိုးရှက်ကန်းဖြစ်နေမိသည်။ သို့သော် ဖေဖေနှင့်စကားပြောနေသည့်အချိန်တွင် တည်တည်ငြိမ်ငြိမ်ရှိလှသော မေမေ၏မျက်နှာအမူအရာကြောင့် ဆွေ့ဆွေ့တစ်ယောက် သတ္တိမွေးကာရှေ့ဆက်တိုးလိုက်၏။

"ဖေဖေ...သမီးရဲ့အခန်းလိုက်ကြည့်ချင်လား အခန်းကအရမ်းလှတယ် မေမေကိုယ်တိုင်အလှဆင်ပေးထားတာလေ ဖေဖေမလို့လိုက်ပြတာ တစ်ခြားလူဆို မပြပါဘူး"

အားတက်သရောနှင့်စကားစပြောလာသော သမီးငယ်ကြောင့် ကုကျန်းနျန်လည်းအပျော်ကူးစက်လာသည်။ သူကိုယ်တိုင်တောင်မသိလိုက်ဘဲ စိတ်လိုလက်ရပြုံးမိသွား၏။

"အင်း...သမီးလေးသဘောပဲ"

ဖုန့်ယောင်ချင်းမှာ သားအဖနှစ်ယောက်၏အတိုင်အဖောက်ညီနေမှုကိုကြည့်ပြီး ဘာတစ်ခွန်းမှဝင်မပြောချေ။

"ကဲ...အဲ့လိုဆိုရင်လည်း ဆွေ့ဆွေ့သမီးဖေဖေကိုအခန်းတွေပတ်ပြလိုက် မေမေနေ့လည်စာသွားပြင်လိုက်မယ်"

ယခုမှတွေ့ရသည့်အဖေဖြစ်သူကို အချွဲပိုရင်းအနားမှမခွာတော့သောဆွေ့ဆွေ့ကိုတစ်ချက်လှမ်းကြည့်ကာ ဖုန့်ယောင်ချင်းပြောလိုက်သည်။

"ပြီးတော့...ရှင်လည်းကျွန်မတို့နဲ့ပဲနေ့လည်စာတစ်ခါတည်းဝင်စားသွားလိုက်"

ကုကျန်းနျန်ဘာမှမပြောရသေးမီ ဖုန့်ယောင်ချင်းကမီးဖိုခန်းထဲသို့ အမြန်လှည့်ထွက်သွားသည်။ ဆွေ့ဆွေ့ကမူ သူမ၏အိပ်ခန်းကိုလိုက်ပြချင်လွန်းသောကြောင့် ကုကျန်းနျန်အားတရွတ်တိုက်ဆွဲခေါ်သွားသည်။

"ဒါက...သမီးရဲ့ခေါင်းအုံး"

"ဒါက...သမီးရဲ့အိပ်ယာ"

"ဒါက...သမီးရဲ့ယုန်ရုပ်လေး"

"....."

ဆွေ့ဆွေ့၏အခန်းထဲတွင် မှန်ဘောင်ခတ်ထားသောရင်းနှီးနေသည့်ပန်းကုံးကိုတွေ့လိုက်ရသောကြောင့် ကုကျန်းနျန်မှင်တက်သွားသည်။

"ဒါက..ဘာလဲဟင်"

သူ့လေသံတွင် စိတ်လှုပ်ရှားမှုတို့က အတိုင်းသားရောနှောနေသည်။

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now