ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

691 71 1
                                    

Chapter 105

'တိမ်မြှုပ်နေသော' ရုပ်ရှင်ကားကြီးက ဆက်လက်နာမည်ကြီးနေပြီး ရုံဝင်ငွေစုစုပေါင်း 2ဘီလီယံကျော်သွားပြီဖြစ်သည်။ ယင်းနှင့်ပတ်သတ်သည့် သတင်းဆောင်းပါးအစအနများပင်လျှင် ပြည်သူလူထု၏အာရုံစိုက်မှုကိုအပြည့်အဝရရှိထားသည်။

'ကြယ်ပွင့်များကိုအင်တာဗျူးခြင်း' အစီအစဥ်တွင် ပါဝင်ထားသောကုဆွေ့ဆွေ့၏ရုပ်သံကို အင်တာနက်ပေါ်တွင်တင်လိုက်ရာ မိနစ်ပိုင်းအတွင်း ကြည့်ရှုသူတစ်သန်းကျော်သွားကာ ရေပန်းအစားဆုံးထိပ်တန်းရှာဖွေမှုတွင်ဝင်ရောက်သွားခဲ့သည်။

"ငါတို့ရဲ့ပေါက်စလေးက အနာဂတ်မှာ သေချာပေါက်အောင်မြင်ကျော်ကြားလာမှာပဲ"

"ကလေးငယ်နှင့်ခရီးသွားခြင်းရသစုံရှိုးက ငါ့အကြိုက်ဆုံးရသစုံရှိုးပဲ ဒါပေမဲ့ ဒီတစ်ပတ်မှာနောက်ဆုံးအပိုင်းကိုလွှင့်မှာတဲ့ ပေါက်စလေးတို့သားအဖကိုနှုတ်ဆက်ရတော့မှာပေါ့"

"ဟုတ်ပါ့...အပတ်တိုင်းစောင့်ကြည့်ခဲ့ရတော့ အခုတောင်လွမ်းလာပြီ"

"အစ်မကြီးတို့ရယ် ပေါက်စလေးတို့သားအဖနှစ်ယောက်ကို ပါးကိုက်နားကိုက်ရုပ်ရှင်မှာ ထပ်တွေ့ရဦးမှာလေ ရိုက်ကူးရေးပြီးသွားပေမဲ့ ခေါင်းဆောက်မင်းသမီးနေရာမှာ သရုပ်ဆောင်ထားတဲ့ ကျီမင်းရဲ့ကိစ္စကြောင့်;ထုတ်လွှင့်မဲ့ရက်ကို ခဏရွှေ့ဆိုင်းထားတယ်လို့ သတင်းကြားတယ်"

ကျီမင်း၏ဂုဏ်သတင်းနှင့်နာမည်ကျော်ကြားမှုမှာ ယခင်ကလောက်မကောင်းမွန်တော့ချေ။

ယခင်က သူမ၏စေတနာကောင်းမွန်မှုနှင့်နူးညံ့ချိုသာမှုတို့ကြောင့် ပရိသတ်များ၏ချစ်ခင်အားပေးမှုကို တစ်ခဲနက်ရရှိခဲ့သော်လည်း လွန်ခဲ့သောနှစ်လကဖြစ်ပျက်သွားခဲ့သောကိစ္စကြောင့် သူမ၏သရုပ်မှန်များဘူးပေါ်သလိုပေါ်သွားကာ ဟန်ဆောင်မျက်နှာဖုံးကွာကျသွားခဲ့သည်။

နာမည်ဂုဏ်သတင်းနှင့်ကျော်ကြားမှုလည်းမရှိတော့သလို ပရိသတ်ပြည်သူများ၏တံတွေးခွက်တွေပက်လက်မျောခဲ့ရတော့သည်။ အင်တာနက်ပေါ်တွင်လည်း သူမကို အနုပညာရပ်ဝန်းမှအပြီးတိုင်ထွက်သွားရန် ယနေ့တိုင်ဆန္ဒပြနေကြသည်။

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now