ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

757 89 0
                                    

Chapter 61

"ဒီနေ့ကိစ္စအတွက်ကျေးဇူးအများကြီးတင်ပါတယ်....ကျွန်တော့်သမီးနဲ့သေချာလေး ပြန်ဆွေးနွေးလိုက်ပါ့မယ်....နောက်မှ မစ္စစ်ဖုန်းနဲ့ဆွေ့ဆွေ့ကို သမီးနဲ့သေချာမိတ်ဆက်ပေးပြီး ညစာလိုက်ကျွေးပါ့မယ်"။

"မေမေ....ဦးဦးစုရဲ့သမီးကဘာဖြစ်တာလဲဟင်....ဦးဦးစုက ဘာလို့အရမ်းစိတ်ညစ်နေရတာလဲ"။ လက်တွန်းလှည်းကိုတွန်းကာ တစ်ဖက်သို့ထွက်သွားသော စုယွိင်လုံကိုဖုန်းယောက်ချင်းလှမ်းကြည့်လိုက်ပြီး သမီးဖြစ်သူ၏ခေါင်းလေးကိုပွတ်သပ်ကာပြောလိုက်သည်။ "ဦးဦးစုရဲ့သမီးက....အိမ်ကနေထွက်ပြေးသွားတာလေ....အဲ့တာကြောင့် ဦးဦးကသူ့သမီးကိုစိတ်ပူနေတာပါ"။

"အိုး....အဲ့လိုလား"။ ကုဆွေ့ဆွေ့က ခေါင်းလေးစောင်းငဲ့ကာ အလွန်သိချင်စိတ်ဖြင့်မေးလာသည်။ "ဒါဆိုရင်....အဲဒီမမကဘယ်အချိန်မှအိမ်ပြန်လာမှာလဲဟင်"။

"အင်း.....ဦးဦးနဲ့မမတို့တစ်ယောက်နဲ့တစ်ယောက်....နားလည်မှုရသွားတဲ့အချိန်ကျရင် မမကအိမ်ပြန်လာမှာပေါ့"။ အခြားသူများ၏အိမ်တွင်းရေးပြဿနာများအကြောင်းမပြောချင်တော့သောကြောင့် ဖုန်းယောက်ချင်းလည်း နံဘေးရှိစင်ပေါ်မှမုန့်ထုတ်ကိုညွှန်ပြကာ ဆွေ့ဆွေ့အားအာရုံလွှဲလိုက်သည်။ ဤနေရာတွင် ဝယ်စရာအားလုံးဝယ်ပြီးလျှင် အနီးအနားရှိဆိုင်လေးတွင် သစ်သီးဝလံများဝယ်ရန်ဆွေ့ဆွေ့ကိုခေါ်သွားရဦးမည်ဖြစ်သည်။

"ဆွေ့ဆွေ့.....သမီးလေးကဆွေ့ဆွေ့မလားဟင်....အန်တီကသမီးရဲ့ပရိသတ်ပါ....ဒီပန်း

ရောင်ဦးထုပ်လေးကို ကလေးငယ်နှင့်ခရီးသွားခြင်းအစီအစဥ်မှာဆောင်းဖူးတယ်မလားဟင်....အဲဒါကြောင့် မှတ်မိသွားတာ....သမီးက အပြင်မှာပိုပြီးချစ်ဖို့ကောင်းတာပဲ"။

အပြင်သွားသည့်အချိန်တိုင်း ဖုန်းယောက်ချင်းက ဆွေ့ဆွေ့အားတင်းတင်းကြပ်ကြပ် တစ်ကိုယ်လုံးလုံသည်အထိ ဝတ်စားဆင်ယင်ပေးခြင်းမရှိခဲ့ပေ။ ဆွေ့ဆွေ့ကငယ်ရွယ်သေးသလို ခဲ့ကျင်းယန်ကဲ့သို့ဒိတ်ဒိတ်ကြဲနာမည်ကြီးနေသူမဟုတ်သည့်အတွက် လူများကအာရုံစိုက်လိမ့်မည်မဟုတ်ဟု ထင်ထားခဲ့သည်။ သို့သော် လွန်ခဲ့သောအခေါက်က ခဲ့ကျင်းယန်နှင့်ဆွေ့ဆွေ့ကို ပရိသတ်များကလိုက်ဆွဲသည့်အချိန်မျိုးရှိခဲ့ဖူးသည်။ ထို့ကြောင့် ယခုမူ ဆွေ့ဆွေ့နာမည်ကိုစိတ်လှုပ်ရှားစွာခေါ်လိုက်သည့်အသံကိုကြားလိုက်ရသောအခါ သူ(မ)စိုးရိမ်မိသွားသည်။

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now