ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

689 76 0
                                    

Chapter 130

ရဲစခန်းမှထွက်လာပြီးနောက် ရှန်ယွမ်လည်း ကလေးနှစ်ယောက်စလုံးကို ရိုက်ကွင်းသို့ပြန်ခေါ်လာခဲ့သည်။

အစပိုင်းတွင် ဆွေ့ဆွေ့တစ်ယောက်မနက်ပိုင်းရိုက်ကွင်းတွင်မရှိသည်မှာ အဘယ်ကြောင့်နည်းဟု ရှန်ယွမ်တွေးနေမိသေးသည်။ သို့သော် ရုတ်တရက်ဆန်သော အဖြစ်အပျက်များကြောင့် အကြောင်းရင်းကို ရှန်ယွမ်ရိပ်မိသွား၏။

"မမရှန်ယွမ်...သူဌေးလေးကိုကိုကိုရိုက်ကွင်း ခဏခေါ်လည်လို့ရလားဟင်"

ကုဆွေဆွေ့က ရှန်ယွမ်အား ခွင့်တောင်းသလိုပြောလာသည်။

စိတ်လှုပ်ရှားနေသောဆွေ့ဆွေ့ကိုကြည့်ပြီး ရှန်ယွမ်တစ်ယောက် အလိုလိုက်ပေးချင်စိတ်များတစ်ဖွားဖွားပေါ်လာသည်။

"ရတာပေါ့...ဆွေ့ဆွေ့ရဲ့မမရောအဖော်လိုက်ပေးရဦးမလား"

"မမရှန်ယွမ်...မလိုက်လည်းရပါတယ် သမီးဘာသာသွားလိုက်မယ်လေ"

ဤရက်ပိုင်းအတွင်း ဆွေ့ဆွေ့တစ်ယောက် ရိုက်ကွင်းတစ်ခုလုံးနှင့်ရင်းနှီးလာပြီဖြစ်သောကြောင့် သူမတစ်ယောက်တည်း ကြိုက်သလိုဝင်ထွက်သွားလာနိုင်သည်။

"အင်းအင်း...အဲ့လိုဆိုရင်လည်း ကိစ္စတစ်ခုခုရှိရင်မမကိုခေါ်လိုက်နော် ပြီးတော့ဖုန်းကိုစက်မပိတ်ထားနဲ့ဖုန်းခေါ်လို့မရရင်မမစိတ်ပူနေမိလိမ့်မယ်"

ဆွေ့ဆွေ့၏ကိစ္စကိုသူမစိတ်အေးသွားသော်လည်း ချင်ဇီချန်းကိုမူသူမစိတ်ပူနေသေးသည်။ ဤကလေးပျောက်သွားသည်ကို ဒီအချိန်လောက်ဆိုမိဘများလည်းစိတ်ပူနေလောက်ရောပေါ့။ ချင်ဥက္ကဋ္ဌနှင့်မည်သို့ဆက်သွယ်ရမှန်းရှန်ယွမ်မသိသော်လည်းကိုယ်စားလှယ်လုယွမ်ကျစ်ကိုဖုန်းဆက်အကြောင်းကြားရန် သူမသတိရသွားသည်။

ဆွေ့ဆွေ့က ချင်ဇီချန်းကိုလက်ဆွဲခေါ်ကာ ရိုက်ကွင်းတစ်ခုလုံးနှင့်လိုက်လံမိတ်ဆက်ပေးသည်။ အိမ်ထဲမှအိမ်အပြင်တစ်ခါထွက်ရန်ခက်ခဲလှသောချင်ဇီချန်းအတွက် ရုပ်ရှင်ရိုက်ကွင်းတစ်ခုလုံးက ဆန်းသစ်လွန်းနေ၏။

"ဆွေ့ဆွေ့...ဒီရုပ်ရှင်ရိုက်တဲ့အလုပ်ကြီးက အရမ်းခက်မဲ့ပုံပဲ"

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now