ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

512 63 0
                                    

157
Zack Z.U.May 04, 2023
Chapter 157



ကျောင်းဆင်းချိန်သို့ရောက်ချိန်တွင် ကုဆွေ့ဆွေ့တစ်ယောက် လက်ထဲတွင်ဘူးအသေးလေးတစ်ခုကိုင်ကာ ကျောင်းဂိတ်ပေါက်ဝမှ လမ်းလျှောက်ထွက်လာသည်။

"ဆွေ့ဆွေ့ သမီးလက်ထဲမှာ ကိုင်ထားတာ ဘာလဲဟင်"

လေးထောင့်ဘူးကလေးကို လက်ထဲတွင် တယုတယကိုင်ထားသောဆွေ့ဆွေ့ကြောင့် ဖုန့်ယောင်ချင်း သိချင်စိတ်ဖြင့်မေးလိုက်၏။

"လျှို့ဝှက်ချက်လေ မေမေရဲ့...အိမ်ပြန်ရောက်မှပြောပြမယ်နော်"

ဆွေ့ဆွေ့က ထိပ်တန်းလျှို့ဝှက်ချက်သဖွယ် သူမအနားကပ်ကာ အသံတိုးတိုးဖြင့်ပြောလာ၏။

ပတ်ဝန်းကျင်ကိုကြည့်လိုက်မှ ဆွေ့ဆွေ့တစ်စုံတစ်ခုကိုသတိထားမိသွားသည်။ ယနေ့သူမကို ကျောင်းလာကြိုသူမှာ မေမေတစ်ယောက်တည်းမဟုတ်ဘဲ ဖေဖေနှင့်မမရှန်ယွမ်ပါအတူလိုက်လာသည်။

"ဒါနဲ့မေမေ သမီးတို့ရဲ့အတန်းပိုင်ဆရာမကပြောတယ် ဒီနေ့ညပိုင်းလောက်မှာနှင်းမုန်တိုင်းရှိတာမလို့ မနက်ဖြန်တစ်ရက်မူကြိုကျောင်းပိတ်မယ်တဲ့"

"အင်း...ဒါဆိုမနက်ဖြန်တစ်နေ့လုံးဆွေ့ဆွေ့လေးအိမ်မှာအေးဆေးနားလို့ရတာပေါ့"

ဖုန့်ယောင်ချင်းက အပြုံးလေးဖြင့်ပြန်ဖြေသည်။

ဆွေ့ဆွေ့အိမ်ပြန်သယ်လာသောစက္ကူဘူးအသေးလေးကိုဖွင့်ဖောက်လိုက်သောအခါ ပုံဆွဲစာရွက်များနှင့်ရောင်စုံဘူးများကိုတွေ့လိုက်ရသည်။ သူမတို့၏အတန်းပိုင်ဆရာမကမိဘများနှင့်သားသမီးများကိုအတူတူပန်းချီဆွဲရန် အိမ်စာပေးထားခြင်းဖြစ်၏။

ဖုန့်ယောင်ချင်းမှာထိုပန်းချီပစ္စည်းများကိုကြည့်ပြီးစိတ်ရှုပ်သွားမိသည်။ ထို့နောက် တစ်စုံတစ်ခုကိုစိတ်ကူးပေါက်သွားသောကြောင့်ဆွေ့ဆွေ့အားလှမ်းပြောလိုက်သည်။

"ဆွေ့ဆွေ့ရေ မေမေကဒီလိုပန်းချီဆွဲရတာတွေမကျွမ်းကျင်ဘူး သမီးဖေဖေကိုကူဆွဲခိုင်းကြည့်ပါလား ဟိုမှာသူအားနေတယ်လေ"

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now