ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေး

830 105 0
                                    

Chapter 18

"ခဲ့ကျင်းယန်! မင်းမနေ့ည စတိုးဆိုင်သွားတုန်းက နှာခေါင်းစည်းတပ်ထားရမယ်ဆိုတာ မသိဘူးလား....ဒီတစ်ခေါက်လည်း ရေပန်းအစားဆုံးရှာဖွေမှုစာရင်းထဲ ရောက်သွားပြန်ပြီ....အဲဒီလိုဖြစ်တာ ဒီတစ်လထဲဘယ်နှစ်ခါရှိပြီလဲဆိုတာ မင်းသိရဲ့လား"။

"ကိုယ်စားလှယ်ကြီးရယ်.....ကျွန်တော်သာ နှာခေါင်းစည်းအမဲကြီးနဲ့ တစ်ကိုယ်လုံးအမဲဆိုရင်....လူတွေက သူခိုးဓားပြလို့ထင်ကုန်ကြမှာပေါ့....အကယ္လို့ စတိုးဆိုင်ပိုင်ရှင်က ကျွန်တော့်ကိုဓားပြတိုက်ဖို့လာတဲ့သူလို့ ထင်ပြီးရဲကိုတိုင်လိုက်ရင်.....ခင်ဗျား ဒီနေ့ဒီနေရာမှာ ကျွန်တော့်ကိုဆူနိုင်မှာတောင်မဟုတ်လောက်ဘူး....ရဲစခန်းမှာပဲ လာထုတ်ပေးနေရမဲ့အဖြစ်ရောက်နေမှာ"။

"ဟုတ်ပြီလေ....အကယ်၍များ မင်းမှာဝယ်စရာတစ်ခုခုရှိနေတယ်ဆိုရင် မင်းလက်ထောက်ကိုအကူအညီတောင်းလို့ရနေတာပဲ....ဘာလို့မ်ား တစ်ယောက်တည်းသွားရတာလဲ....မင်းတစ်ခုခု ဖြစ်သွားရင် ဘယ္လိုလုပ္မလဲကြာ"။

အခြားအနုပညာရှင်များဆိုလျှင် သူတို့၏ကိုယ္စားလွယ္ကို အပိုးကျိုးကြသည်။ စကားနားထောင်ကြသည်။ သို့သော် အနှီကောင်လေးခဲ့ကျင်းယန်မှာမူ သူ့အားအပူမပေးရလျှင် မနေနိုင်သည့်သယောင်ပင်။

ကိုယ်စားလှယ်ဖြစ်သည့်သူက ထိုအနှီကောင်လေး၏အရှုပ်ထုပ်များကို တစ်နေ့ပြီးတစ်နေ့လိုက်ရှင်းပေးနေရသည်။

ဒီလိုသာဆက်လုပ်နေရလျှင် သူရူးသွားလိမ့်မည်။

သူ့စကားကို ပေါ့ပျက်ပျက်သာသဘောထားပြီး ဆိုဖာပေါ်တွင် ဂရုမစိုက်ဟန်ဖြင့်ထိုင်နေသော ကောင်လေးကို လုယွင်ကျီတစ်ချက်လှမ်းကြည့်လိုက်သည်။ အသက်ပြင်းပြင်းတစ်ချက်ရှူထုတ်လိုက်ပြီး ထိုကောင်လေးအား တိုက်ရိုက်ပင်ပြောချလိုက်သည်။

"ဒါနဲ့....ငါမင်းကိုပြောစရာတစ်ခုရှိသေးတယ်....မင်းကို ရသစုံရှိုးတစ်ခုနဲ့ စာချုပ်ချုပ်ပေးထားတယ်....အဲဒါ နောက်တစ်ပတ်ကျရင် တရားဝင်ရိုက်ကူးရေးစလိမ့်မယ်....ပြင်ဆင်ထားတော့"။

ဂိမ်းကိုအာရုံစိုက်ကာ သည်းကြီးမဲကြီးဆော့နေသော ခဲ့ကျင်းယန်တစ်ယောက်လုယွင်ကျီ၏စကားကိုကြားလိုက်ရသောအခါ ဖုန်းစခရင်မ်ကိုနှိပ်နေသည့်သူ့လက်တို့တစ်ခဏမျှရပ်တန့်သွားသလို ဂိမ်းထဲမှသူ့အကောင်လည်း အသတ်ခံလိုက်ရသည်။

ပြည်သူ့အချစ်တော်လေးက၃နှစ်ခွဲသမီးလေးWhere stories live. Discover now